-->

Saturday, September 25, 2010

ဟသာၤတ တကၠသိုလ္မွာ ကျောင်းသားအချင်းချင်း ဓါးထိုးမှုဖြစ် တဦးသေ လုံခြုံရေးအပြည့်နဲ့ အရေးပေါ် သဂြိုလ်

ယမန်နေ့ စက်တင်ဘာ ၂၄ ရက်ညက ဟင်္သာတ တက္ကသိုလ်မှာ စာမေးပွဲနောက်ဆုံးနေဖြစ်တာကြောင့် ကျောင်းသားတွေမူးယစ်ပျော်ပါးပြီး စကားများရာမှ ဓါးနဲ့ထိုးတဲ့အမှု တခုဖြစ်ပွားခဲ့ပြီး မောင်အောင်သူ အသက် ၂၁ နှစ်သေဆုံးခဲ့သည်။

မောင်အောင်သူဟာ ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ညောင်ကျိုးရွာသားဖြစ်ပြီး ပထမနှစ် ဘူမိဗေဒ ကျောင်းသားတဦးဖြစ်ပါတယ်။ ညကဖြစ်ပျက်ပုံ အသေးစိတ်ကို ဟသာင်္တာ တက္ကသိုလ် ကျောင်းသားတဦးက

"အကုန်လုံးက စာမေးပွဲပြီးတော့ ဒီနေ့ပြန်ရမဲ့နေ့ဗျ အားလုံးက ပျော်ပါးနေကြတာပေါ့ ကောင်မလေးအဆောင်ရှေ့မှာ ကျောင်းသားအုပ်စုတစုက ဂစ်တာတီးနေတယ် အဲဒီရှေ့ကို သေသွားတဲ့ ကောင်လေးတွေက ဆိုင်ကယ်ဖြတ်စီးတော့ ဂစ်တာတီးတဲ့အုပ်စုက လှမ်းဆဲရာကနေ အချင်းများပြီး ဂစ်တာတီးတဲ့အုပ်စုက ဓါးနဲ့လိုက်ထိုးတော့ မောင်အောင်သူက သေသွားတယ် တယောက်ကတော့ အူပွင့်သွားလို့ အရေးပေါ်ခန်းမှာတင်ထားရတယ် ကျန်တဲ့တယောက်ကတော့ ခါးမှာ ဒဏ်ရာတခုရလို့ တင်ထားရတယ်။"

သေဆုံးသူ ရဲ့အလောင်းကို မိဘတွေက ပြန်သယ်ခွင့်မရှိပဲ ရင်ခွဲရုံကနေ လုံခြုံရေး အပြည့်နဲ့ အသုဘအခမ်းနား လုပ်လိုက်တဲ့အကြောင်းကို အဆိုပါ ကျောင်းသားက ဆက်လက်ပြောပြရာမှာတော့

"အလောင်းကို ရွာထုံးစံအရ ပြန်သယ်ဖို့မိဘတွေက တောင်းတော့ ခွင့်မပြုဘူး ရဲမင်းကြီးကိုယ်တိုင်ကြီးကြပ်ပြီးတော့ မယက၀န်ထမ်းတွေ၊ ရဲလုံခြုံရေးတွေ၊ ကျောင်းက ဆရာမတွေနဲ့ ဓါတ်တိုင်တတိုင်ကြား ၅ယောက်လောက် ၀န်းရံပြီး ခု ၂နာရီက ဟသာင်္တ တင်းတိုး သုဿန်မှာ င်္သဂြိဟ် လိုက်တယ်ဗျ"

သေဆုံးသူ မောင်အောင်သူတို့ ၅ယောက်ပါ အုပ်စုနဲ့ ဓါးနဲ့ထိုးတဲ့ ၇ယောက်ပါ အုပ်စုဟာ မူလက ရန်ငြိုးရန်စမရှိခဲ့ပဲ ဒီနေ့မှ အပျော်လွန်မူးယစ်သောက်စားရာမှ ဒီလိုဖြစ်သွားရတာဟု ဆိုသည်။ ဟသာင်္တ ရဲစခန်းကို ဒီသတင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးကြည့်တဲ့အခါမှာတော့

"ဟုတ်ပါတယ် တယောက်သေ ၂ယောက် ဒဏ်ရာရ လက်ရှိ ၇ယောက် ဖမ်းထားပါတယ်" ဟုပြောပြီး ဖုန်းချသွားခဲ့ပါတယ်။

ဓါးနဲ့ထိုးတဲ့ အုပ်စုဘက်က ကျောင်းသားတွေဟာ အာဏာပိုင်အသိုင်းအ၀ိုင်းနဲ့ ပိုက်ဆံရှိသူ အသိုင်းအ၀ိုင်းက သားသမီးတွေဖြစ်တာရော ကျောင်းသားတွေအချင်းချင်းဖြစ်ရာကနေ မြို့ခံတွေ သိရှိပြီး ဆူပူမှုတွေ ဖြစ်လာမှာ စိုးရိမ်တဲ့အတွက် လုံခြုံရေး တင်းတင်းကြပ်ကြပ်နဲ့ အမြန်ကိစ္စပြီးအောင် ဆောင်ရွက်လိုက်တာ ဖြစ်နိုင်ကြောင်း မြို့ခံတွေက ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ စက်တာဘာ ၄ ရက်နေ့ကလည်း ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်ကွက်နေ မောင်အောင်သူဟိန်းနဲ့ မောင်စိုးပိုင်ဇော်တို့ဟာ နယ်မြေခံ ခလရ ၅၉ တပ်မတော်သားတွေနဲ့ ခိုက်ရန်ဖြစ်ပွားပြီး သေနတ်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါတယ်။ သူတို့ အလောင်းတွေကို သဂြိဟ်ရာမှာလည်း ဆူပူမှုဖြစ်မှာ စိုးရိမ်တဲ့အတွက် ရန်ကုန်မြို့ကလာတဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တွေကို လှည့်ပြန်ခိုင်းပြီး အသုဘအခမ်းအနားကိုလည်း လုံခြုံရေး တင်းတင်းကြပ်ကြပ်နဲ့ ပြီးစီးအောင် လုပ်ဆောင်ခဲ့ပါတယ်။

အညာနွေတမာမြေ

No comments: