ဦးအေးမြင့်(လမ်းပြကြယ်)သို့ အောင်မျိုးမင်း(စကာင်္ပူ)မှအိပ်ဖွင့်ပေးစာ
၂၀၁၀ခုနှစ်စက်တင်ဘာလ(၁၄)၇က်
ဦးအေးမြင့်ပြောသလို နောက်ဆုံးအချိန်ဆိုတာ ဘာနဲ့များတိုင်းတာပြီး ပြောသည်ကို ကျနော်မသိသော်လည်း အပြောနဲ့အလုပ်မညီသောဦးအေးမြင့်ကို ကျနော်အံ့ဩမိပါသည်။ နောက်ဆုံးအချိန်ဟု ဦးအေးမြင့် ပြောကြားနေသော်လည်း NDFပါတီမှ ဦးခင်မောင်ဆွေတို့အား ပဲခူးသို့ ဖိတ်ကြား၍ ဆွေးနွေးနေသောကြောင့် တဖက်မှNLDကို လေလှိုင်းကြားမှ ကယ်တင်ရှင်များဟု၎င်း၊ နောက်ဆုံးအချိန်ဟု၎င်း ပြောဆိုပုတ်ခတ်ပြီး တဖက်မှနေ၍ NDF၏လုပ်ရပ်များကို ထောက်ခံနေခြင်းသည် ဦးအေးမြင့်၏ လုပ်ရပ်များသည် နားလည်ရန် ခက်ခဲလှပေသည်။
ယခုချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်၊ ဘဘဦးတင်ဦးနှင့် ဘဘဦးဝင်းတင်တို့သည် ကျန်းမာရေးများ မကောင်းနေကြသည်ကို တကမ္ဘာာလုံးမှ သိကြသည်။ ဤသို့ အခက်အခဲများကြားမှ NLD အနေဖြင့် နည်လှည့် စည်းရုံးရေးများဆင်း၍ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် အင်တိုက်အားတိုက် လုပ်ဆောင်နေသည်မှာ အင်မတန်မှ ချီးကြူးသင့်ပေသည်။ ယခုကဲ့သို့ သူ့များတကာအား တိုက်တွန်းစာများ ထုတ်ပြန်နေမည့်အစား နောက်ဆုံးအချိန်ဟု ဦးအေးမြင့် အနေနှင့်သက်မှတ်လျှင် ပဲခူးမြို့၌ ယခုရက်ပိုင်းအတွင်း ပေါ်ပေါက်နေသော အရေအခင်းကို ဦးအေးမြင့်ကိုယ်တိုင် ဦးဆောင်၍ NDF ပါတီဖြင့် လက်တွဲကာ ရာဇာဝင်တွင်လောက်မည့် အရေးတော်ပုံကြီး အဖြစ်ပြောင်းလည်းနိုင်ပါသည်။
မည့်သူ့ကိုမှ စောင့်ဆိုင်းနေရန် မလိုအပ်ပါ။ တဖန် ရှေ့နေကြီး ဦးဥာဏ်ဝင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံသည့် အခါတိုင်းတွင် နှစ်ကိုယ်ကြားဖြင့် ဆိုစကားဖို နေရခြင်းမျိုးမဟုတ်ပါ။ ဦးကြည်ဝင်းသော်၎င်း၊ ဒေါ်ခင်ဌေးကြွယ်သော၎င်း၊ နှစ်ဦးစလုံးဖြင့်သော၎င်း တွေ့ဆုံရခြင်းဖြစ်ပါသည်။
ရှေ့နေကြိးဦးဥာဏ်ဝင်းအနေဖြင့် ကိုယ်ထင်ရာကိုယ် လျှောက်ပြောနေမည့်ဆိုပါက ဦးကြည်ဝင်းနှင့် ဒေါ်ခင်ဌေးကြွယ်တို့က လက်ပိုက်၍ ကြည့်နေမည်မဟုတ်ပါ၊ ပုံမှန်အတွေးအခေါ် ဖြင့်စဉ်းစားလျှင်တောင် သိနိုင်ပါသည်။ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှန်း အင်မတန်မှ ပေါ်လွင်နေပါသည်၊ NDF ပါတီအား ဖိတ်ကြား၍ ဆွေးနွေးပြီမှ ယခုကဲ့သို့ ထုတ်ပြန်ကြော်ငြာသော ဦးအေးမြင့်၏ သဘောထားသည် မှန်ကန်မှုမှရှိပါသည်ဟု အင်မတန်မှ သံသယဝင်စရာ ကောင်းလှပါသည်။
ဦးအေးမြင့် အနေဖြင့် ကျန်ပုဂ္ဂိုလ်များကို အသက်တွေလည်းကြီးလို့ သေမှာမကြောက်ရတော့မည့် အရွယ်တွေရောက်နေပြီဟု ပြောဆိုခြင်းဖြင့် မိုက်မိုက်ကန်းကန်းပြုလုပ်ရန် တိုက်တွန်းနေမည်အစား မိမိကိုယ်တိုင် အသက်နှင့်ထောင်ကိုရင်းပြီး စွန့်ကြမည့်သူတွေကို ဦးဆောင်ကာ ပဲခူးအရေးအခင်းကို အခြေပြု၍ ရာဇဝင်တွင်မည့် အရေးတော်ပုံအဖြစ် ပြောင်းလဲသင့်ပါကြောင်း အကြံပြုသတိပေးလိုက်ရပါသည်။

အောင်မျိုးမင်း(စင်္ကာပူ)
ဒီမိုကရေစီတိုက်ပွဲမှ ရဲဘော်ရဲဘက်များကို အစဉ်လေးစာလျှက်
No comments:
Post a Comment