-->

Thursday, October 7, 2010

လူရမ်းကားစစ်သားစီးတဲ့ဆိုင်ကယ်က အရပ်သားကိုတိုက်ပေမဲ့ အမှုဖွင့်မရ

မြောက်ဥက္ကလာ ၂ ရပ်ကွက်မှာနေထိုင်တဲ့ အရပ်သား ကိုစိုးဝင်းကို စက်တင်ဘာ ၃၀ ည၈နာရီခွဲခန့်မှာ စစ်သား ၃ ဦးစီးလာတဲ့ ဆိုင်ကယ်က တိုက်သွားတဲ့အတွက် ကိုစိုးဝင်းမှာ ဦးနှောက်အမှေးပါး ထိခိုက်ပြီး အရေးပေါ်ကုသဆောင်မှာ ကုသမှုခံယူနေရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။

ဒီအမှုကို မြောက်ဥက္ကလာရဲစခန်းက အမှုဖွင့်မပေးပဲ ဆိုက်ကယ်တော့ သိမ်းထားတယ်ပြောပါတယ်။ မိသားစုအနေနဲ့ ဘယ်မှတိုင်မရဖြစ်နေတဲ့အခြေအနေကို ကိုစိုးဝင်းရဲ့ ဇနီးဖြစ်တဲ့ မညွန်ညွန့်ဝင်း ကပြောချင်ပါတယ်လို့ ကမ်းလှမ်းလာပါတယ်။

သတင်းဖြစ်မည်ဆိုပါက ၀၁ ၆၆၃၁၃၉ ကနေတဆင့်ခေါ်နိုင်ပါတယ်။ မညွန်ညွန့်ဝင်းမရှိပါကညီမ မသန်းသန်းခင် ကိုခေါ်ပြောလို့ရပါတယ်ဆိုတဲ့အကြောင်း သတင်းဌာနများသိစေရန် သတင်းပါးလိုက်ပါတယ်။

No comments: