စစ်အစိုးရရဲ့ တဖက်သတ်ကျင်းပမဲ့ ရွေးကောက်ပွဲကြီးဟာ ၉ ရက်ပဲလိုပါတော့တယ်။ ကပြအသုံးတော်ခံမည့် ရုပ်သေးပါတီ ၃၇ ခုဟာလည်း ပါတီဝင်အင်အားစာရင်းတွေ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြီး သွေးပူလေ့ကျင့်ခန်းတွေလုပ်နေပါပြီ။ တဖက်မှာ အန်အယ်လ်ဒီကလည်း မဲမပေးရေး လှုပ်ရှားမှုတွေလုပ်နေလုပ်နေပြီး ဇိုမီးအမျိုးသားကွန်ဂရက်ရဲ့ တိုင်းရင်းသားအားလုံးပါနိုင်တဲ့ ဒုတိယ ပင်လုံညီလာခံခေါ်ယူရေး ထောက်ခံအားပေးနေပါတယ်။ ကျနော်တို့ လူထုတွေ တကယ်ပဲပြတ်သားမလား မျှော်လင့်နေယုံကလွဲလို့ မျှော်လင့်စရာမမြင်မိပါဘူး ။ အရင်ကမျှော်လင့်ထားတာကတော့ ရွေးကောက်ပွဲမတိုင်ခင် လူထုလှုပ်ရှားမှုများပေါ်လေမလားဆိုပြီး ပြင်ဆင်နေခဲ့မိတယ်။
ခုတော့ဘာဆက်လုပ်ကြရမလဲ ပြည်တွင်းပြည်ပ နိုင်ငံရေးခေါင်းဆောင်တွေ ပြောကြပါဦး။ ကျနော့်လို စောင့်ဆိုင်းနေတဲ့ ပြည်သူတွေ မနည်းမနောရှိမယ်ဆိုတာယုံကြည်နေပါတယ်။ နအဖကတော့ လမ်းပြမြေပုံ တဆင့်ပြီးတဆင့်ကျော်တက်နေပြီ ကျနော်တို့မှာ ကူညီသူတွေ တယောက်ပြီးတယောက် လျော့နေပြီ။ ဘယ်လိုလုပ်ရမလဲ ငါလည်းမလုပ်တတ်ဘူး ဆိုတာနဲ့ အချိန်ကုန်ကြမလား။ ဒီရွေးကောက်ပွဲကြီးကို မလိုလားဘူး ဆိုပြီးအော်နေယုံနဲ့ နအဖက နောက်ဆုတ်သွားမှာမဟုတ်ဘူးဆိုတော့ ပြတ်သားတဲ့ လှုပ်ရှားမှုတွေလိုနေပြီ လို့ပဲ တိုက်တွန်းပါရစေ။
အညာနွေတမာမြေ

No comments:
Post a Comment