သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များက ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပြုလုပ်တော့မည့် ရွေးကောက်ပွဲကို မထောက်ခံကြောင်း၊ဒီဥပဒေကနေ ပေါ်ထွက်လာတဲ့ နိုင်ငံတော်အလံသစ်ကိုလည်း လက်မခံကြောင်း ဒီကနေ့ ထုတ်ဖေါ်ပြသလိုက်ပါပြီ။
ဒီကနေ့ သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်တွေ စုဝေးတိုင်ပင်ပြီး ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်

ဒီကနေ့ အောက်တိုလာ ၂၆ ရက်ညနေ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့က မကုဋာရာမကျောင်းတိုက် မဟာဗောဓိပင် ခြေရင်းမှာ ဒီလိုစည်းဝေးတိုင်ပင်ကြတယ်။
ဆွေးနွေးတိုင်ပင်ပြီးတော့ ထုတ်ပြန်ချက်ကို ဒီလိုအတည်ပြုကြောင်း ဖတ်ကြားပြတယ်။
အစည်းဝေးပြီးတော့ အစိုးရရဲ့ ယတြာအလံတော်သစ်ဟာ တိုင်းသူပြည်သားတွေ ဆန္ဒမပါတဲ့အတွက် ဒီလိုမီးရှို့တယ်။
ဦးဆောင်ဆရာတော်တပါး ဖြစ်တဲ့ အရှင် ဥက္ကဋ္ဌ ကိုလုပ်ရပ်နဲ့ပတ်သက်ပြီး လျှောက်ထားကြည့်တော့
“ဒီအလံသစ်နဲ့ ပတ်သက်ပြီး ယတြာတွေဘာတွေ ပြောနေတာတော့ အများကြီးပေါ့။ ဒါပေမယ့် ဒါတွေထက် နိုင်ငံတော်အလံဆိုတာ နိုင်ငံတခုရဲ့ တန်ဖိုးထားရတဲ့ လေးစားရတဲ့ အထိမ်းအမှတ်ဖြစ်တာကို ပြည်သူတွေ ရွေးကောက်ထားတဲ့ အစိုးရက အတည်မပြုပေးသေးတဲ့ ဒီအလံကြီးကို လုပ်ချင်ရာလုပ်တာဟာ အဓိပ္ပါယ်မရှိလို့ ကန့်ကွက်၊ ဆန္ဒပြ၊ ရှုတ်ချတဲ့အနေနဲ့ မီးရှို့တာပါ” ဟု မိန့်သည်။
ဆက်လက်ပြီးတော့လည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူတို့သဘောထားအမြင်ကို လျှောက်ထားကြည့်တဲ့အခါမှာတော့
"ရွေးကောက်ပွဲ လုပ်တာ မလုပ်တာကို ဦးပဉ္ဇင်းတို့က မပြောလိုပါဘူး။ ဒါပေမယ့် ဒီရွေးကောက်ပွဲဟာ ၂၀၀၈ တုန်းက ဦးပဉ္ဇင်းတို့ မထောက်ခံခဲ့တဲ့ မရိုးမသားနဲ့ အတည်ပြုထားတဲ့ အခြေခံဖွဲ့စည်းပုံကို အခြေခံထားတာဖြစ်လို့ ဒီရွေးကောက်ပွဲဟာလည်း ဦးပဉ္ဇင်းတို့ မထောက်ခံတဲ့ အထဲ ပါသွားတာပဲ။ ဒါဟာ ဘယ်လိုမှ တရားမျှတမှာ မဟုတ်ဘူးဆိုတာ ပြောချင်တယ်"
ပြည်သူတွေအနေနဲ့ ကိုယ့်ဆန္ဒသဘောထားမပါတဲ့ ဖွဲ့စည်းပုံနဲ့လုပ်မယ့် ရွေးကောက်ပွဲကို အစွမ်းကုန် ပညာပြကြလိမ့်မည်ဟု ယုံကြည်ကြောင်း မိန့်ကြားသွားပါတယ်။
ပုံများကို သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့မှ ပေးပို့သည်။
အညာနွေတမာမြေ

1 comment:
http://2.bp.blogspot.com/_Vz93nWgI_tc/TMZYWSBwabI/AAAAAAAAARM/AaFQOle2B3w/s1600/dollarsar.blogspot.com.1.jpg
ဒါကျတော့ လက်ခံခဲ့ကျတယ်ပေါ့... ဟုတ်လား..
ဒါကကော ဘယ်သူတွေ ၀ါဒဖြန့်ခဲ့တာလဲဟင်..
Post a Comment