၇.၁၁.၂၀၁၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီးတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းမြို့ မဲရုံအမှတ် ၆ တွင် အသက်မပြည့်သေးသူကို ယာယီမှတ်ပုံတင်ဖြင့် ကြံ့ခိုင်ရေးပါတီဝင်များက မဲပေးခိုင်းခဲ့ပါသည်။ ဖေါ်ပြပါ ယာယီမှတ်ပုံတင်သက်သေခံလက်မှတ်ကို တာဝန်သိပြည်သူတစ်ဦးမှ လာရောက်ပေးအပ်ထားသည်ကို ဓါတ်ပုံဖြင့် မှတ်တမ်းတင်ပြီး ဖေါ်ပြအပ်ပါသည်။ မဲပေးပိုင်ခွင့်မရှိသူကိုမဲပေးခိုင်ခြင်းသည် ဥပဒေချိုးဖေါက်သဖြင့် တရားဥပဒေအရအရေးယူရပါမည်။
ဘယ်သူ့မှာတာဝန်ရှိသလဲဆိုတာ အားလုံးမှာတာဝန်ရှိသည်ဟုယူဆပါသည်။
လည်းကောင်းအဖြစ်အပျက်များနေရာတော်တော်များများတွင်ဖြစ်ပေါ်ခဲ့ပါသည်။
သက်ဆိုင်ရာမှ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းရှိမရှိကို စုံစမ်းမေးမြန်းဖေါ်ထုတ်ပေးပါရန်တင်ပြအပ်ပါသည်။
အသေးစိတ်အချက်အလက်များသိရှိလိုပါက ဦးတင်မောင်အေး01 243633 ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

အန်အယ်လ်ဒီလုပ်ရပ် မှန်ကန်ပါသည်ဟု ပြောသွားတဲ့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေပါတီအမတ် ဦးနေမျိုးဝေ
အညာနွေတမာမြေ
No comments:
Post a Comment