-->

Tuesday, November 9, 2010

ဝမ်းတွင်းကမဲရုံမှာ မဲပေးသူဦးရေ ၅ပုံ တပုံလောက်ပဲရှိ

မန္တလေးတိုင်း မိထ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ် တဲစုရွာတွင် မဲပေးခွင့်ရှိသူဦးရေ ၃၈၂၂ ဦးရှိရာ မဲရုံပိတ်ချိန်အထိ မဲ(၇)ရုံတွင် မဲလာပေးသူ စုစုပေါင်းမှာ ၇၇၉ ဦးသာရှိခဲ့ကြောင်း၊ နေ့လည် ၁၂ နာရီတွင် မြို့နယ်ရုံးမှ ဖုန်းဆက်မေးရာ မဲပေးသူ ၄၇၇ ဦးသာရှိနေ၍ ရယက တာဝန်ရှိသူများကို ကြိမ်းမောင်းကြောင်း၊ မဲပေးသူနည်းနေ၍ အောင်မြင်မှု မရမည်စိုး၍ အနည်းဆုံး မဲပေးသူ တထောင်ထပ်မံရအောင် ညွှန်ကြား၍ အသံချဲ့စက်များဖြင့် မဲလာပေးကြရန် နှိုးဆော်ကြောင်း၊ မဲရုံများတွင် စောင့်ကြည့်ခွင့်ရခဲ့သည့် တစည ပါတီနှင့် အန်အယ်လ်ဒီပါတီဝင် လူငယ်များက ပြောသည်။ မဲရုံပိတ်ချိန်တွင် မဲစုစုပေါင်း ၇၇၉နှင့် ကြိုတင်မဲ ၂၅ မဲသာ ရရှိကြောင်း စောင့်ကြည့်လေ့လာသည့် တစည ပါတီဝင်နှင့် NLD လူငယ်များက ပြောသည်။

အညာနွေတမာမြေ

No comments: