-->

Wednesday, November 10, 2010

ဗမာနိုင်ငံ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများ တပ်ပေါင်းစု ထုတ်ပြန်ချက်

ဗမာနိုင်ငံဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများ တပ်ပေါင်းစု
ရွေးကောက်ပွဲဆိုင်ရာကြေညာချက်

နေ့စွဲ၈.၁၁.၂၀၁၀ ကြေငြာချက်အမှတ်-၀၃/၂၀၁၀
(၁)ဗမာနိုင်ငံဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများ တပ်ပေါင်းစု(UFBAD)သည် ယနေ့ ၈.၁၁.၂၀၁၀ ရက်နေ့တွင် ပြည်တွင်းတစ်နေရာ၌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက တဖက်သတ်ကျင်းပခဲ့သော ၂၀၁၀ ရွေးကောက်ပွဲ ဆိုင်ရာအချက်အလက်များကို ကြားနာသည့် အခမ်းအနားတစ်ရပ်ကို ကျင်းပခဲ့သည်။

၂၀၁၀ရွေးကောက်ပွဲတွင် ပါတီပေါင်း (၃၇)ပါတီ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော်လည်း စစ်မှန်သည့်ဒီမိုကရေစီ အင်အားစုများ ပါဝင်မှု့အားနည်းခြင်း၊ အဓိက အတိုက်ခံအင်အားစုများပါဝင်မှု့ မရှိအောင်ဖန်တီးထားခြင်း၊ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေး အဖွဲ့များကိုလည်း ငြင်းဆိုထားခဲ့သည့်အပြင် ရွေးကောက်ပွဲနီးလာချိန်တွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များက အာဏာပိုင်များဧ။်အကူအညီနှင့် ကြိုတင်မဲများကို လိမ်လည်၊ လီဆည်၊ ခြိမ်းခြောက်၊ လှည့်ဖျား ကောက်ယူခြင်း၊

မဲပေးသည့်ကာလ မကုန်ဆုံးမှီ မဲများကို ဖွင့်ဖောက်ကြည့်ခြင်း၊ ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ အနိုင်ရနိုင်ချေမရှိသည့် နေရာများတွင် မဲစာရွက်များကိုတရားမ၀င် အဓမ္မယူဆောင်၍ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များကိုယ်တိုင် အခြားလူပုဂ္ဂိုလ်များဧ။် နာမည်များကို အလွဲသုံးစားပြု၍မဲထည့်ခြင်း၊ ဧရာဝတီတိုင်း နေရာအတော်တော်များများတွင် ကွယ်လွန်ပြီးသော လူပုဂ္ဂိုလ်များဧ။် ကိုယ်စား ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များက မဲများ ဖြည့်စွက်ခြင်း၊ သန်လျှင်မြို့နယ် ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဝင်များက ပါတီဝင်တစ်ဦးတည်းဖြင့် မဲအကြိမ်ကြိမ်အခါခါထည့်ခြင်း စသည်တို့ ကို စိတ်မကောင်းစွာ တွေ့ ရှိခဲ့ရသည်။

(၂)ဗမာနိုင်ငံဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများ တပ်ပေါင်းစု (UFBAD)သည်၊ မဲဆန္ဒနယ်တော်တော်များများတွင် ရွေးကောက်ပွဲစောင့်ကြည့်မှုများကို ပြုလုပ်ခဲ့သည်။ ရလာဒ်အနေဖြင့်ရွေးကောက်ပွဲဆိုင်ရာမသမာမှုများနှင့် ရွေးကောက်ပွဲ ဆိုင်ရာလုပ်ထုံးလုပ်နည်းများ မှာယွင်းနေကြောင်းဖော်ထုတ်သိရှိခဲ့ရသည်။ မိမိတို့ ဖော်ထုတ်တွေ့ ရှိထားသော ရွေးကောက် ပွဲဆိုင်ရာမသမာမှုများနှင့် လုပ်နည်းလုပ်ဟန် အလွဲများကို တိုင်းရင်းသားပြည်သူလူထုကြီးနှင့် နိုင်ငံတကာမိသားစုတို့ မှ သိရှိနိုင်စေရန်ဆောင်ရွက်သွားမည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် နစ်နာမှုအသီးသီးရှိခဲ့သည့်  ပါတီများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများအနေနှင့် အဆိုပါ ရွေးကောက်ပွဲဆိုင်ရာမသမာမှုများ၊ ခြိမ်းခြောက် အကြပ်ကိုင်မှုများကို သတင်းအချက်အလက် အထောက်အထားအနေနှင့်ရယူလိုပါက ဗမာနိုင်ငံဒီမိုကရေစီရေးတက်ကြွ လှုပ်ရှားသူများတပ်ပေါင်းစု (UFBAD) မှ ကူညီပေးပို့ သွားမည်ဖြစ်ကြောင်းကြေညာလိုက်သည်။

ဦးဆောင်လူငယ်များအစည်းအဝေးဆုံးဖြတ်ချက်အရ
ဥက္ကဋ္ဌ
မင်းသိမ်း

No comments: