-->

Friday, November 5, 2010

အာရုဏ်ဦးမှာ မူးသည့်ငါရဲ့ ဒါရိုက်တာ သေဆုံးခြင်း

"အာရုဏ်ဦးမှာ ဖူးသည့်ကြာ" နအဖ၀ါဒဖြန့်ချီရေး ရုပ်ရှင်ကားအား ရိုက်ကူးခဲ့သူ ဒါရိုက်တာ တင်သန်းဦး ယနေနေ့လည် (၂) နာရီခွဲခန့် အချိန်တွင် စစ်ဆေးရုံ၌ သေဆုံးသွားကြောင်း သိရှိရပါသည်။

ပရိတ်သတ်ကြီးက သူခင်များ ရွေးကောက်ပွဲ မဲဆွယ်ဇာတ်ကားရိုက်ပြီး ရွေးကောက်ပွဲပြီးအောင်တောင် နေမသွားရရှာဘူး မဲတောင်မပေးလိုက်ရရှာဘူးလို့ တွေးနေတယ်မလား၊ သူ့အတွက် မဲပေးပိုင်ခွင့်ကို သက်ဆိုင်ရာက လက်မနှေးပါဘူးခင်များ ဆေးရုံပေါ်မှာ ကြိုတင်မဲထည့်ဖို့ စီစဉ်ပေးတဲ့အတွက် ထည့်သွားရ ရှာပါသတဲ့ ။

သူ့အကြောင်းတော့ တကူးတက ရှာပေးမနေတော့ဘူးဗျာ နော၊ ဘယ်သူမှ စိတ်ဝင်စားမယ်မထင်လို့ ၊ ပရိတ်သတ်ကြီးလည်း သတိထားကြနော် သမီး ၁၈ နှစ်ပြည့်ပြီ မဲပေးလို့ရပြီလို့ ခဏဏ မပြောနဲ့နော် ကြိုတင်မဲပုံးကြီးက ရောက်လေရာမှာ အရောက်လာမှာ တိယား

အညာနွေတမာမြေ

No comments: