-->

Friday, November 5, 2010

အင်းစိန်ထောင်မှ အကျဉ်းသားများ ဒီကနေ့ မလွတ်ပါ

အကျဉ်းသားတွေ လွတ်မယ်ဆိုတဲ့သတင်းကြောင့် မနက်က သတင်းမီဒီယာသမားတွေနဲ့ လုံခြုံရေးကားတွေ အင်းစိန်ထောင်ရှေ့မှာ စောင့်ဆိုင်းခဲ့ပေမဲ့ ခုချိန်ထိ မလွတ်တဲ့အတွက် ပြန်ကုန်ကြပါပြီ။

ထောင်ထဲမှာတော့ စီရင်ချက်မချရသေးပဲ အချုပ်ကျနေတဲ့ အချုပ်သားတွေကိုတော့ ကြိုတင်မဲတွေ ကောက်ယူနေတယ်လို့သိရပါတယ်။ သတင်းသမားတွေအနေနဲ့ ကြိုတင်မဲပေးနေတာတွေကို ဓါတ်ပုံရိုက်ခွင့်မရပဲ ကြည့်ယုံတော့ မလှမ်းမကမ်းကနေ ကြည့်ခဲ့ရတယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် အကျဉ်းသား ၁သောင်းလွှတ်ပေးမယ်ဆိုတဲ့သတင်းကြောင့် နိုင်ငံရေးအကျဉ်းသားမိသားစုတွေဟာ မျှော်လင့်စောင့်စားနေကြပါတယ်။

အညာနွေတမာမြေက ရရှိတဲ့ သတင်းတွေအရ မဲပေးခွင့်ရှိတဲ့ လူဦးရေရဲ့ ၅၀ ရာခိုင်နုန်းကို ကြိုတင်မဲအဖြစ် လက်ဦးမှုရယူဖို့ သက်ဆိုင်ရာ အကောင်ကြီးကြီး အမြီးရှည်ရှည်တွေက အဆင့်ဆင့်ညွန်ကြားထားကြောင်းပါခင်များ

အညာနွေတမာမြေ

No comments: