လူ့အခွင့်အရေး ချိုးဖေါက်မှုများကြောင့် မြန်မာနိုင်ငံမှ အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများအား ကုလသမဂ္ဂ လက်အောက်ခံ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးသို့ တင်ပို့တရားစွဲဆိုမည့် အစီအစဉ်ကို
လက်မခံနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က New York Time သတင်းစာနှင့်တွေ့ဆုံမေးမြန်းခန်းမှာ အောက်ပါအတိုင်း ပြောဆိုလိုက်တာပါ။
She said she did not endorse moves among her supporters overseas to try to bring the junta leaders into international court for crimes against humanity.
“I’ve never said I want them to be brought into the international court,” she said. “I don’t think there is any solid reason for the generals to fear for their safety. We are not after them personally. I certainly do not wish them ill.”
As for her own ambitions, she said, “I’m not very much concerned whether I personally come to power, but I am concerned about the power of the people.” The people of Myanmar, whose aspirations and whose popular uprisings have been crushed over the years, must understand that real power is in their hands, she said.
ဒေါ်အောင်ဆန်းစုကြည်က နအဖစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖေါက်မှုများအတွက် နိုင်ငံတကာရာဇ၀တ်
ခုံရုံးမှာတင်ဖို့ ပြည်ပရောက်အတိုက်အခံ တွေရဲ့ကြိုးစားမှုကို သူမအနေဖြင့် ဘယ်တုန်းကမျှ မထောက်ခံခဲ့ကြောင်း ပြောကြားခဲ့သည်။
“ကျမဘယ်တုန်းကမှ သူတို့ကို နိုင်ငံတကာခုံရုံးတင်ဖို့မပြောခဲ့ပါဘူး။ ကျမအနေနဲ့ ဒီကိစ္စကြောင့် သူတို့အတွက်လုံခြုံမှု၊ကြောက်ရွှံ့စိုးရိမ်မှုတခုဖြစ်ရမှာကို မလိုလားပါဘူး။ ပြီးတော့ ကျမတို့ဟာ သူတို့နဲ့ပုဂ္ဂိုလ်ရေးအရ ဘာပြဿနာမှ မရှိသလို၊ ကျမအနေနဲ့ သူတို့ကိုမကောင်းကြံဖို့စိတ်ထားမျိုးလည်း မရှိတာကတော့အမှန်ပါ။´´
ထို့အပြင် ဆက်လက်၍ သူမက နိုင်ငံတကာက မြန်မာ့အရေးကို ထောက်ခံသူများ ပြောဆိုနေကြသော
အစိုးရအပြောင်းအလဲနှင့် ပတ်သက်၍လည်း သဘောမတူ ကြောင်းပြောဆိုခဲ့သည်။ “အခြေခံ
တန်ဖိုးပါပြောင်းမှ ဖြစ်မှာပါ။ အခြေခံတန်ဖိုး မပြောင်းသေးလျှင် အစိုးရတွေ တစ်ခုပြီး တစ်ခုပြောင်းလဲသော်ငြားလည်း ဘာမှအကျိုးထူးမှာ မဟုတ်ပါဘူး။ အစိုးရအပြောင်းအလဲဆိုတာ ယာယီသဘောပါ။ အခြေခံတန်ဖိုးထားမှုတွေပါ ပြောင်းမှ ရေရှည်သဘောကို ဆောင်မှာပါ။
ကျမတို့က ကျမတိုတိုင်းပြည်အတွက် တန်ဖိုးထားမှု စံတွေကိုသာ ပြောင်းလဲစေချင်တာပါ´´ ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောပြခဲ့ပါတယ်။
US Campaign for Burma၊ Burma Campaign UK၊ Burma Democratic Concern ၊
Burma Partnership၊ WLB၊ BLC တို့ကဲ့သို့သော ပြည်ပရောက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများက
မြန်မာစစ်ဗိုလ်ချုပ်ကြီးများကို နိုင်ငံတကာ ခုံရုံးသို့ ပို့ဆောင်နိုင်ရန် အားထုတ်ကြိုးပမ်းခဲ့ကြပြီး
ယခု နောက်ဆုံးအနေနှင့် ကုလသမဂ္ဂ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်
Commission of Inquire (CoI) ကိုဖွဲ့စည်းရန် အပြင်းအထန် အားထုတ်ကြိုးပမ်းခဲ့ကြသည်။
အဆိုပါ CoI ကို အနောက်နိုင်ငံတချို့ကသာ ထောက်ခံခဲ့ကြပြီး မြန်မာ့အိမ်နီးချင်းနိုင်ငံများနှင့်
ဂျာမနီ နိုင်ငံတို့က မထောက်ခံနိုင်ကြောင့် တရားဝင်ပြောဆိုထားသည်။
freedomnewsgroup မှစာသားတချို့ကို ပြန်လည်ပြုပြင်သည်။ မူရင်းသတင်းကို ဒီနေရာမှာ ကြည့်ပါ။
Rest of your postအညာနွေတမာမြေ
No comments:
Post a Comment