ချင်းပြည်နယ် တီးတိန်မြို့မှာ ပြုလုပ်မယ့် ခရစ်ယာန်သာသနာပြု နှစ်၁၀၀ ပြည့်ပွဲတော်ကို လာရောက်တဲ့ ဘတ်စ်ကားဟာ တီးတိန်မြို့ရောက်ကာနီး ၈မိုင်အလိုမှာ တိမ်းမှောက်မှု ဖြစ်တဲ့အတွက် ၁၅ ဦးသေဆုံးပြီး ၂၀ ကျော်ပြင်းထန်စွာဒဏ်ရာရရှိသွားပါတယ်။ ယနေ့နံနက်ပိုင်းမှာ တွန်းဇံမြို့ကနေ ထွက်လာတဲ့ ခရီးသည်တင် ချင်းတောင်တန်းဘတ်စ်ကားလိုင်းက မှန်လုံကား တိမ်းမှောက်တာဖြစ်တဲ့အကြောင်း ဒေသခံ တဦးကပြောပြပါတယ်။
တွန်းဇံကနေ ဆင်းလာတာနော်။ တီးတိန်ရောက်ဖို့ ၈ မိုင်လောက် ဝေးတယ်။ လောလောဆယ်တော့ ပွဲချင်းကတော့ ၁၂ ယောက်ပေါ့နော့်။ ဆေးရုံကနေက ၂ ယောက်ပေါ့။ ၁၄ ယောက်ပေါ့ ခုလောလောဆယ်။ အပေါ်ဝိတ်တွေများလား ဘာလား မသိဘူး။ တွန်းဇံက လူများတယ်။ နှစ်တရာပြည့်ပွဲလေ ရှိတယ်။ အဲ့ဒါ တွန်းဇံက လာတဲ့သူတွေပဲ။
အခုတိမ်းမှောက်ခဲ့တဲ့ဘတ်စကားမှာ ခရီးသည် အယောက် ၁၀၀ လောက်စီးနင်းလာတယ်လို့သိရပြီး ယခုလောလောဆယ်မှာ ဒဏ်ရာရရှိသူ အယောက် ၂၀ ကျော်ကို တီးတိန်ပြည်သူ့ဆေးရုံးကြီးမှာ အရေးပေါ် ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ ယခုသေဆုံးတဲ့သူတွေဟာ ဒီကနေ့ကနေစပြီး ၃ ရက်ကျင်းပမဲ့ Cope Memorial Baptist Church (CMBC) နှစ်တရာပြည့် အထိမ်းအမှတ်ပွဲတော်ကြီးမှာ ပါဝင်ဖို့ တွန်းဇံမြို့ကနေ ထွက်အလာမှာ အခုလိုအဖြစ်အပျက်နဲ့ကြုံတွေ့ရတာဖြစ်ပါတယ်။

အညာနွေတမာမြေ
No comments:
Post a Comment