မဟာချိုင် ဝပ်ခေါင်မဒေးယားကျောင်းတွင် ၂၉-၁၂- ၂၀၁၀ နေ့က နှစ်သစ်ကူးစုပေါင်းရဟန်းခံရှင်ပြု သီလရှင်ဝတ်ပွဲနှင့် တရားစခန်းပွဲကို ကျင်းပသည်။ ပြီးခဲ့သည့် မြန်မာနှစ်သစ်ကူးသင်္ကြန်တွင်းတုန်းကလည်း စုပေါင်းရဟန်းခံပွဲနှင့်တရားခံပွဲကိုကျင်းပခဲ့သေးသည်။ ယခုတရားစခန်းပွဲကိုရွှေတွံတေးဆရာတော်မှ ဦးဆောင်းကျင်းပခြင်းဖြစ်သည်။ ဆရာတော်နှင့်အတူ မြန်မာအလုပ်သမားများအား ဘာသာတရား အဆုံးအမများဖြင့် ငြိမ်းချမ်းမှုရရှိစေရေးအတွက် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ် ထိုင်းနိုင်ငံဆရာတော်ဦးဇဝနနှင့် ဖန်းငါးဆရာတော် ဦးဣန္ဒဝံသတို့က တရားဓမ္မများဟောကြားပြသတော်မူကြသည်။ ယခုတရားစခန်းတွင် ရဟန်းယောဂီ၅၇ပါး၊ သီလရှင်ယောဂီ၂၅ပါး လူယောဂီ၁၈၀ တို့တရားစခန်းဝင်ကြသည်။
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment