-->

Tuesday, January 4, 2011

နယ်ခြားစောင့် ဒီကေဘီအေတဦး မဲဆောက်ယူအန်ရုံးရှေ့မှာ ဆန္ဒပြ

ယနေ့  နံနက် ၇း၂၅ နာရီကျော်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ ရှိ UN ရုံးတွင် ဆန္ဒပြမှုတခု ဖြစ်ပွါးခဲ့သည်။ မြန်မာ့နိုင်ငံရေးတွင် ထူးခြားသည့် ဖြစ်စဉ်တရပ်ဖြစ်သကဲ့သို့  ပြောင်မြောက်သည့် လုပ်ရပ်ဖြစ်သည်။

ဆန္ဒပြသူ၏ အမည်မှာ စောသံမဏိ ဖြစ်သည်။ အသက် ၃၅ နှစ်လောက် ခန့်မှန်းမိပါသည်။ ဆန္ဒပြ ရသည့် အကြောင်းရင်းမှာ နယ်ခြားစောင့်တပ် (BGF) အဖြစ် အတင်းစေခိုင်းခံရသည့်ကိစ္စများ အပေါ်မကြေနပ်သလို ၂၀၁၀ ရွေးကောက်ပွဲ ကို လက်မခံနိုင်ခြင်းကြောင့်ဖြစ်သည်။

ဆန္ဒပြသည့်ပုံစံမှာ ထိုင်းဆိုင်ကယ်တက္ကစီကိုငှါးစီး၍ UN (မဲဆောက်) ရုံးရှေ့အရောက်တွင် လက်ပစ်ဗုံးနှစ်လုံးအား စနက်တံဖြုတ်ကာ လက်တွင်ဆုပ်ကိုင်၍ ဆန္ဒပြခြင်းဖြစ်သည်။ ဆိုင်ကယ်ပေါ်တွင်သာထိုင်၍ တက္ကစီသမားကိုပါ ထိမ်းချုပ်၍ဆန္ဒပြနေခြင်းဖြစ်သည်။



ဆန္ဒပြမှု ကိုဖြေရှင်းရန်အတွက် ထိုင်းအရာရှိကြီးများအားလုံး လုံခြုံရေးတပ်ဖွဲ့ဝင်များအားလုံးနှင့် မြို့ တော်ဝန်မှအစ စနစ်တကျကိုင်တွယ်နေသည်ကို မျက်မြင်တွေ့ ခဲ့ရသည်။ ပတ်ဝန်းကျင်မှ စိုးရွံ့ထိတ်လန့်နေကြသော်လည်း မည်သည့်ရည်ရွယ်ချက်ရှိသည်ကိုမူ ချက်ချင်းမသိကြသေးပေ။ ထိုင်းရဲအရာရှိများ တပ်ဖွဲဝင်များနှင့် မြိုတော်ဝန်၏ စနစ်တကျစည်းရုံးကိုင်တွယ်မှုကြောင့် ထိုင်းအရာရှိမှ စနက်တံပြန်လည်သွင်း၍ ဆန္ဒပြမှုကိုရပ်တန်စေနိုင်ခဲ့ပြီး ဆန္ဒပြရဲဘော်၏တောင်းဆိုချက်များကို နားထောင်ပေးခဲ့သည်။


ဆန္ဒပြရဲဘော်ရဲ့ တောင်းဆိုချက်နဲ့ ဆန္ဒတွေကတော့

(၁)၂၀၁၀ ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘူး

(၂)DKB အား နယ်ခြားစောင့်အတင်းလုပ်ခိုင်းခြင်းအား မကြေနပ်ဘူး

(၃)(BGF)နယ်ခြားစောင့်တပ်ဖွဲ့ ဝင်အဖြစ် အတင်းစုဆောင်းခံရတဲ့ ကိစ္စကိုလက်မခံဘူး

(၄)မြန်မာပြည်နိုင်ငံရေးကိစ္စ ကို ယူအမ် ကသေချာရှင်းပေးဖို့  --အစရှိသည်တို့ ဖြစ်ပါသည်။

ထို့ အပြင် ထိုင်းအရာရှိများအား ထိုဆန္ဒပြရဲဘော်မှ ၄င်းအား အရေးယူမည်ဆိုပါက နိုင်ငံတကာ ခုံရုံးတွင် အရေးယူပါရန် လည်းတောင်းဆိုခဲ့သည်။

ထိုင်းအရာရှိမှ ဆန္ဒပြရဲဘော်အား မြန်မာပြည်သို့ပြန်မည်လား DKBA သို့ ပြန်မည်လား ပြန်လိုပါက ပြန်ခိုင်းမည်ဆိုသောအခါ မပြန်လိုကြောင်း သိရသည်။ သို့ အတွက်ကြောင့် ယနေ့ 

မြန်မာပြည်၏ လွတ်လပ်ရေးနေ့ တွင် မလွတ်လပ်၍ စိတ်ခံစားမှုကျဉ်းကြပ်နေရရှာသော ဤလူငယ်၏ ဆန္ဒပြမှု အား ကိုယ်ချင်းစာနားလည်မိပါသည် ။

မဲဆောက်က မိတ်ဆွေတဦး ပေးပို့သည်

No comments: