-->

Tuesday, January 4, 2011

ပုံစံမျိုးစုံနဲ့ လွတ်လပ်ရေးပွဲ

ဒီနေ့ကျရောက်တဲ့ ၆၃ နှစ်ပြည့်လွတ်လပ်ရေးနေ့ကို နိုင်ငံတ၀ှမ်းမှာ ကျင်းပကြသလိုပဲ ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံရေးသမား ၂၀၀၀ ကျော်ရဲ့ နာမည်ကို မဲနှိုက်ပြီး ပေါက်တဲ့လူရဲ့အကြောင်းကို ဟောပြောပွဲလုပ်ပါမယ်။ ပြီးတော့ အဲဒီလူ မလွတ်မြောက်မချင်း အဲဒီလူရဲ့ ပုံ(သို့မဟုတ်) နာမည်ကို ရင်ဘတ်မှာ ကမ်ပိန်းတစ်ခုအနေနဲ့ ရင်ထိုးတပ်ထားမယ်။ ပြီးတော့ မြန်မာပြည်ထဲက လူငယ်တွေကလည်း ဗိုလ်ချုပ်ပုံလည်ဆွဲတွေကိုဆွဲပြီး လွတ်လပ်ရေးပွဲကိုပါဝင်ဆင်နွှဲကြမယ်။

No comments: