-->

Wednesday, January 19, 2011

ဆောင်းဦးလှိုင်ရဲ့ ပျံသန်းသွား

ဂီတပညာရှင်များသီဆိုပေးထားသောလူမှုရေး၊
ငြိမ်းချမ်းရေးသီချင်းများကိုအလှူရှင်များအတွက် (ကန့်သတ်) အခွေအဖြစ် ဂုဏ်ပြုပေးအပ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏လုပ်ဆောင်ချက်၊ ပေးဆပ်မှု အရုပ်မြင်ကွင်းများအပြင် အဆိုတော်များ၏ သီဆိုမှုပုံရိပ်လွှာများပါရှိရန် သီးခြားရိုက်ကူးမှုများ ပြုလုပ်လျှက်ရှိရာယနေ့ ၁၉.၁.၂၀၁၁ (ဗုဒ္ဓဟူးနေ့) တွင် မြောက်ဒဂုံမြို့နယ်ရှိနာရေးကူညီမှုအသင်း(ရန်ကုန်) အဆောက်အဦးအသစ်ပေါ်တွင် တေးရေး/ဆိုဆောင်းဦးလှိုင် သီဆိုတီးခတ်ထားသော “ပျံသန်းသွား” အမည်ရှိတေးသီချင်းအားရိုက်ကူးမှုများ ပြုလုပ်ခဲ့သည်




“ပျံသန်းသွား”
ရေး/ဆို/တီး - ဆောင်းဦးလှိုင်
ပျံသန်းသွား/ကြမယ် မမောနိုင်ဘူး xxx ဘယ်လိုခက်ခဲလူသားတို့အတွက် xxx သယ်ဆောင်လာခဲ့ မြင့်မြတ်တဲ့နှလုံးသားတွေနဲ့ xxx ယုံကြည်ချက်အတိုင်းxxx ခရီးဆက်လာ/နေမယ်
အမှန်တရားဘက်ကရပ်တည်နေမယ် xxx မလွယ်ကူနိုင်လည်း ဖြတ်သန်းရဲတယ် xxx ရှင်သန်ချိန်ခဏ လူ့ဘ၀ရဲ့နေ့ရက်များ xxx စာနာစိတ်ထားအများအတွက်ကူမယ်
(ငါ့လက်ကိုတွဲခွန်အားပေးမယ့် xxx လိုနေတာဂရုဏာများနဲ့ မေတ္တာတရားပဲ xxx လောကရဲ့အကျိုးတစ်ထောင့်တစ်နေရာကနေ xxx သယ်ဆောင်ကာပျံသန်းသွားစို့ လက်တွေတွဲလို့)


မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မစိုရ်တရားလေးပါးကိုလက်ကိုင်ပြု၍ အမှန်တရားနှင့် ငြိမ်းချမ်းရေးလမ်းကြောင်းကိုဦးတည်လျှောက်လှမ်းနေကြသော ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်)နှင့် လူမှုရေးသမားစစ်စစ်များအတွက် ဤ “ပျံသန်းသွား” တေးသီချင်းသည် မဟာအားဆေးတစ်ခွက်ပင် ဖြစ်တော့သည်။ ဆောင်းဦးလှိုင်၏ သီချင်းစာသားထဲကအတိုင်း ကျွန်တော်တို့ လူမှုရေးသမားများလက်ချင်းတွဲကာအများပြည်သူလူထုဘက်မှ မားမားမတ်မတ် ရပ်တည်ဖေးမကူညီပေး ကြရန် လိုအပ်ပေတော့သည်။

No comments: