ရန်ကုန်တိုင်း တွံတေးမြို့က ကျူရှင်ဆရာ ဦးအောင်ဖေဟာ သူ့ရဲ့နေအိမ်မှာ အန်အယ်လ်ဒီကထုတ်ဝေတဲ့ တီရှပ်အကျီ င်္ကိုဝတ်ပြီး ဒီနေ့ကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးကို အစာငတ်ခံဆန္ဒပြနေပါတယ်။ ဒီလွှတ်တော်ဟာ မတရားရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကြိုတင်မဲရယူပြီး တဖက်သတ် အနိုင်ယူတဲ့ ရွေးကောက်ပွဲက အမတ်တွေတဲ့ တံခါးပိတ် ကျင်းပနေတာဖြစ်လို့ ဆန့်ကျင်တဲ့အကြောင်းသိရပါတယ်။ သူဟာ ဒီလိုမျိုးတကိုယ်တော်လှုပ်ရှားမှုတွေကြောင့် ထောင်၂ကြိမ်ကျခံရဘူးပြီး ခြေချုပ်ပုဒ်မနဲ့လည်း နေခဲ့ရဘူးသူဖြစ်ပါတယ်။
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment