-->

Monday, April 11, 2011

နှစ်သစ်ဦးအမေ့အိမ်

သင်္ကြန်ရနံ့တွေနဲ့ အတူ အမေ့အိမ်က ၀မ်းသာစရာသတင်းတစ်ခုကို တင်ပေးလိုက်ပါတယ်။ အမေ့အိမ်မှာ ပညာရည်နို့သောက်စို့နေတဲ့ ကျောင်းသူကျောင်းသားလေးတွေတစ်နေ့တစ်ခြား များပြားလာတာကြောင့် ကျောင်းဆောင်ကို
ထပ်မံတိုးချဲ့နေရပါပြီ။ ယခင်စတင်တည်ထောင်စဉ်က အကျယ်အ၀န်းမှာ (12' x 25' =
375' sq ) သာရှိပြီး ယခုထပ်ချဲ့နေတဲ့ အကျယ်အ၀န်းကတော့ ( 17'x45' = 765'sq ) ဖြစ်ပါတယ် ။

အခုနွေရာသီ ကျောင်းပိတ်ရက်မှာ English Speaking နဲ့ Grammar Course ၊ပန်းချီသင်တန်းတွေကို 8 တန်းအထိ သင်ကြားပေးနေပါတယ် ။ သင်္ကြန်တွင်းကျောင်းပိတ်ထားမှာ ဖြစ်ပြီး သင်္ကြန်လွန်ကျောင်းပြန်ဖွင့်ရင်တော့ Computer သင်တန်းလေးတစ်ခုနဲ့ စာကြည့်တိုက်လေးတစ်ခုပါ ဖွင့်ဖို့ ရည်ရွယ်ချက်ရှိပါတယ် ။ ဆင်းရဲနွမ်းပါးလို့ Computer IT ပညာရပ်တွေနဲ့ အလှမ်းဝေးနေတဲ့ ကလေးတွေမဖြစ်ရလေအောင် ကြိုးစားခြင်းဖြစ်ပါတယ်။ မိမိတို့ထံမှ အသုံးမ၀င် ၊ ပိုလျှံ ၊ Modern နိမ့်နေတဲ့ Computer အဟောင်းတွေ၊ စာအုပ်စာတမ်း ၊ ဂျာနယ်တွေကို လှုဒါန်းပြီး
ပညာပါရမီဖြည့်ပေးကြဖို့ နိုးဆော်လိုက်ပါတယ် ။

သူငယ်ချင်းတို့ရဲ့
ကိုငယ်
09-5162060





SummaryRest of your postအညာနွေတမာမြေ

No comments: