မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အထိမ်းအမှတ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လူငယ် အဖွဲ့ဝင် ၅ ဦးကို အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က
ရဟန်းခံ မင်္ဂလာ ပြုလုပ် ပေးခဲ့ကြောင်း သိရသည်။ တနင်္ဂနွေနေ့ နံနက်ပိုင်းက
ဗဟန်းမြို့နယ် ရွှေတောင်ကုန်းရပ်ကွက် ပဏ္ဍိတာရာမ ကျောင်းတိုက်တွင...်
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အထိမ်းအမှတ်အဖြစ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် အဖွဲ့ဝင် ၅ ဦးကို ဦးတင်ဦးတို့က
ဦးဆောင်၍ သံဃာတော်များကို ယနေ့ မနက် ၉နာရီက သိမ်ဆင်းလောင်းခြင်း၊
ဆွမ်းကျွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း
“ဒေါ်အောင်ဆန်းစုကြည်က ရဟန်းအမလုပ်ပြီးတော့ ၅ ပါး၊ ကျန်တဲ့ အလှူရှင်တွေက ၃၅ ပါး
ပေါင်းပြီးတော့ သံဃာအပါး ၄၀ ရဟန်းခံပေးခဲ့ပါတယ်။ သိမ်တက် တရားနာပြီးတော့ NLD ဒု
ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အဖွဲ့ချုပ်ဝင်တွေ၊ တခြား ရဟန်းဒကာ ဒကာမတွေနဲ့
ဆွေမျိုးသားချင်းတွေက သိမ်ဆင်းလောင်းခဲ့တယ်
အဖွဲ့ချုပ်ဝင် လူငယ်များအနက်မှ ၅ ဦးကို ဒုလ္လဘမဲနှိုက်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး
ကိုသီဟန်၊ ကိုငြိမ်းမောင် ၊ ကိုသက်အောင်၊ ကိုသက်မင်းသိန်း ၊
ကိုငြိမ်းချမ်းသူတို့ မဲပေါက်ကာ ရဟန်းပြုခွင့် ရခဲ့ကြောင်း သိရသည်။





No comments:
Post a Comment