အပြည်ပြည်ဆိုင်ရာသီတဂူသာသနာပြုအဖွဲ့မှ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရအဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ(D.Litt) (Ph.D)သည် နာရေးကူညီမှု၊ ဆေးကူညီမှု၊ ပညာရေးကဏ္ဍများအားစဉ်ဆက်မပျက် ပေးဆပ်လျှက်ရှိသောနာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် ရုပ်ကလပ်(အလောင်း)အား ပြင်ဆင်ထားရှိချိန်တွင် အသုံးပြုထားရှိရန်အတွက် လေအေးစနစ်သုံးလက်တွန်းလှည်း (၄) စီးအားလှူဒါန်းပေးခဲ့ပါသည်။
ယင်းလေအေးစနစ်သုံးလက်တွန်းလှည်းအား ဘ၀နတ်ထံပျံလွန်တော်မူသွားသော ဆရာတော် သံဃာတော်များနှင့် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားသောလူပုဂ္ဂိုလ်များအတွက် ဘုန်းတော်ကြီးကျောင်းများနှင့် နေအိမ်များ၌ ခေတ္တခဏထားရှိနိုင်ရန် ကူညီဖေးမပေးနိုင်တော့မည် ဖြစ်ပါသည်။

No comments:
Post a Comment