-->

Friday, June 24, 2011

ဗုံးသဲမစဲ တို့ပြည်ထဲ လက်သည်မပေါ် ဘယ်သူလဲနော်


မန္တလေး ဈေးချိုတော်ရှေ့ ၂၇ လမ်းနှင့် ၂၈ လမ်းကြား ဈေးချိုဟိုတယ် ရှေ့တွင် နေလယ် ၁၂ နာရီခန့်က ကားဗုံးတလုံး ပေါက်ကွဲ၍ ဂျစ်ကားတစီး ပျက်စီးပြီး လူ ၂ဦးဒဏ်ရာရသည်။ နောက်ထပ်သိရှိတဲ့ သတင်းတွေအရ ၃ဦးဒဏ်ရာရတယ်ပြောပါတယ်။ ဗုံးမကွဲခင်မှာ ဈေးချိုနားက ကားတွေ လက်တွန်းလှည်းတွေကို အာဏာပိုင်တွေက နေရာအရင်ရှင်းပြီး နာရီဝက်လောက်မှ ဗုံးကွဲသံကြားရတာလို့သိရပါတယ်။

မန္တလေးမှဘဲ ညနေ၂နာရီခွဲအချိန် ၀င်းလိုက်ရုံမရောက်ခင်တပြ ၈၄လမ်း၊၃၁နှင့်၃၂ လမ်းကြား စိန်စပယ်ဖူး ရွှေဆိုင်နှင့် ပရိယတ္တိသာသနအသင်း အနီးတွင် ဒုတိယအကြိမ်ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သည်။

ပြင်ဦးလွင် မှာလည်း အမှတ် (၄) ရပ်ကွက် အိမ်တစ်လုံးမှာ ပေါက်ကွဲမှု ဖြစ်တာလို့ သိရပါတယ်။ ဗုံးအားပြင်းတဲ့အတွက် အိမ်တစ်ခုလုံး ပြိုကျသွားတယ်လို့ သိရသည်။

နောက်ပေါက်ကွဲမှုကတော့ ဘုရင်ရူးများနန်းစိုက်ရာ နေပြည်တော် သပြေကုန်းရပ်ကွက်ရှိ နေအိမ်တလုံးတွင် ယနေ့နေလယ် ၁၂ နာရီခွဲခန့်က ဗုံးတလုံးပေါက်ကွဲပြီး ခေါင်မိုးများလန်ထွက်ကုန်သည်ဟုလည်း ဟိုမှဒီမှကြားရပါသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို နှောက်ယှက်ဖျက်စီးသူများအားဆန့်ကျင်ကြဆိုပြီး ဒီလောက်လုံခြုံရေးတင်းတဲ့အချိန် ဘယ်သူလုပ်နိုင်လဲ ။ ထုံးစံအတိုင်း လက်သည်မပေါ်ရင်တော့ ကေအန်ယူနဲ့ အေဘီအက်စ်ဒီအက်ဖ်ပေါ့နော မကြာခင် မဆိုင်သူကိုဖမ်းပြပါလိမ့်မည်။

မော်လမြိုင်မြို့မှာလည်း ဗုံးကွဲတယ်လို့ သတင်းထွက်ပေမယ့် မြို့ခံတွေကိုမေးကြည့်တော့ ကောလဟာလပါတဲ့ခင်များ


No comments: