-->

Thursday, June 23, 2011

ကျောင်းသူလေးကို သတ်ပြီး ကိုယ့်ကိုယ်ကိုပါ သတ်သေသူ

ပဲခူးတိုင်း ဥသာမြို့သစ်မှာ ၄၀၅ တပ်ရင်းမှူးဆိုသူက (၁၄)နှစ်အရွယ်
၉တန်းကျောင်းသူလေးတဦးကို ဓားနဲ့ထိုးသတ်ခဲ့သလို
သူ့ကိုယ်သူလည်း သတ်သေသွားခဲ့တဲ့ဖြစ်ရပ် မနေ့ မနက် ၁၁ နာရီမှာ ဖြစ်ခဲ့ပါတယ်။
ဖြစ်ခဲ့တဲ့ အကြောင်းစုံကို မိခင်ဖြစ်သူနဲ့ မျက်မြင်တဦးက ပြောပြထားပါတယ်။
ဓားနဲ့ ထိုးသတ်ခံရတဲ့ (၉)တန်းကျောင်းသူလေးကတော့ မသက်နှင်းဆွေဖြစ်ပါတယ်။
ကျောင်းသူလေးရဲ့အလောင်းကိုတော့ ပဲခူးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံမှာ ထားထားပြီး တပ်ရင်းမှူးဆိုသူရဲ့ အလောင်းကိုတော့ သက်ဆိုင်ရာ စစ်တပ်က သယ်ယူသွားတယ်လို့ ဒေသခံတွေအပြောအရ သိရပါတယ်။
နေ့ခင်းကြောင်တောင် အခုလို လူသတ်မှုဖြစ်သွားတဲ့အတွက် ဒေသခံတွေက လုံခြုံရေးကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
ရုပ်သံဖိုင်ကို ဦးအေးမြင့် ပဲခူးလမ်းပြကြယ်အဖွဲ့မှ ပေးပို့ပါသည်။


No comments: