-->

Wednesday, July 20, 2011

ဘယ်သူတွေ လိမ်နေကြပြီလဲ

၈၈ တုန်းက အထက်က တာဝန်ပေးချက်အရ ကျောင်းသားခေါင်းဆောင် ၂၄ ဦးအပါဝင် လူပေါင်း ၁၂ဝ လောက်ကို သတ်ဖြတ်ခဲ့တယ်လို့ သြစတေးလျအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ ဦးထူထူးဟန် ကပြောဆိုလိုက်တယ်လို့ပြောပါတယ်။ ဦးထူးထူးဟန်က သြစတေးလျကို ဒုက္ခသည်အဖြစ်နဲ့ ရောက်ရှိလာခဲ့တယ်လို့ပြောပါတယ်။ မြန်မာအစိုးဘက်က တိုင်ကြားသူမရှိတဲ့အတွက် သူအမှုကို ဘယ်လို အရေးယူမလဲဆိုတာကို စဉ်စားနေတယ်လို့ပြောပါတယ်။ ဒီကိစ္စနဲ့ ပက်သက်၍ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်ပြောတာက ဦးထူးထူးဟန် ပြောဆိုတာကို သူအနေနဲ့ လက်မခံကြောင်း ဒီနာမည်ကိုလည်း ထောက်လှမ်းရေးမှာ မကြားဖူးကြောင်းပြောပါတယ်။ အခုလို ပြောဆို တာဟာ နောက်ကွယ်က စေခိုင်းတဲ့ တဦးတယောက် (သို့) အဖွဲ့တဖွဲ့ လုပ်တာလည်းဖြစ်နိုင်တယ်လို့ပြောပါတယ်။ ဦးထူးထူးဟန်ကလည်း စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ကြောင့်လည်းဖြစ်နိုင်တယ်လို့ပြောပါတယ်။ နိုင်ငံတကာမှာ စုံစမ်းစစ်ဆေးရေးအတွက် လုပ်ဆောင်နေချိန်မှာ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ အနေနဲ့လိမ်တယ်ဆို နိုင်ငံတာက မြင်အောင် လုပ်ဆောင်တာဖြစ်နိုင်တယ်ဆိုတာလည်း သိထားဖို့ လိုတယ်လို့ပြောပါတယ်။

ရင်းမြစ် ။ ။ ဗီအိုအေ

No comments: