-->

Wednesday, July 20, 2011

ဟသာၤတ မှာရေမြုပ်


ဇူလိုင် ၉ ရက်ကနေ ဒီနေ့ထိ ရွာတဲ့မိုးကြောင့် ဟသာင်္တမြို့ပေါ် ဆင်ခြေဖုံးရပ်ကွက် ၃ခုနဲ့ မြို့ပေါ် ၂ ရပ်ကွက်မှာ ရေမြုပ်နေပါတယ်။ ဒီလိုရေ၀င်နေတာကြောင့် ပဒေသာဈေးကိုလည်း ပိတ်လိုက်ရတယ်လို့ သိရပါတယ်။ မြ၀တီ အေးမြသာယာနဲ့ ပင်လုံရပ်ကွက်တွေမှာ နေအိမ်ထဲ ၄ပေကျော်ဝင်တာကြောင့် မြေစိုက်အိမ်တွေအားလုံး ရေလွတ်ရာကို ရှောင်ရှားနေကြရပါတယ်။ မြို့ထဲ ပန်းဘဲတန်းနဲ့ ဘုရားကြီးရပ်ကွက်မှာတော့ ကတ္တရာလမ်းတွေရေမြုပ်နေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။ ဒီလို ရေနစ်မြုပ်မှုဟာ နှစ် ၂၀ အတွင်း အများဆုံး ရေ၀င်မှုဖြစ်တယ်လို့ သိရပါတယ်။

No comments: