-->

Wednesday, July 20, 2011

ဒေါ်စု ကတိအတိုင်း ရေတွင်းတူး ကုသိုလ်ကောင်းမှုလုပ်

ပြီးခဲ့တဲ့ ရက်တွေက သွားခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံညောင်ဦး ဘုရားဖူးခရီးစဉ်အတွင်းမှာ ဇီးအိုရွာက ဒေသခံတွေရဲ့ ရေရှားပါးမှုကို ကိုယ်တိုင်မြင်ခဲ့ရပါတယ်။ ဒါ့ကြောင့် ရေတွင်းတူးပေးမယ်ဆိုတဲ့ ကတိအတိုင်း သိန်း ၃၀၀ တန်စက်ရေတွင်းတူးပေးဖို့ အန်အယ်လ်ဒီပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်ကို အဲဒီဒေသစေလွှတ်ကြည့်ခိုင်းခဲ့ပါတယ်။

ဒီနေ့ ဦးအုန်းကြိုင်နဲ့ မန္တလေးတိုင်း အန်အယ်လ်ဒီပါတီဝင်တွေဟာ အဲဒီဒေသကိုရောက်ရှိခဲ့ပြီး ရေတွင်းတူးဖို့ အရှေ့ပိုင်းမှာ ရေတွင်းရှိပြီးသားဖြစ်တာကြောင့် ရွာအနောက်ပိုင်းမှာ ရေတွင်းတူးဖို့နေရာရွေးခဲ့ပါတယ်။ တဆက်တည်း မူလတန်းကျောင်းက ကလေးငယ် ၂၀၀ ကျော်အတွက် ယင်လုံရေလောင်းအိမ်သာ တူးပေးဖို့ ကတိပေးခဲ့ပါတယ်။ နောက်ထပ် ကောင်းမှုတခုကတော့ အဲဒီရွာက မွေးရာပါ စွံအနားမကြား ကိုယ်လက်အင်္ဂါမလှုပ်နိုင်တဲ့ ၁၀နှစ်အရွယ် ဖတဆိုးလေး မဖြူဖြူဝင်းကို ဆေးကုသပေးဖို့ မိသားစုနဲ့ တိုင်ပင်ခဲ့သလို ညောင်ဦးက ကိုရင် ၄ပါးကို ရဟန်းဘောင်ရောက်သည်ထိ တာဝန်ယူမယ်ဆိုတဲ့ သံန္နိဋ္ဌာန်ကြောင့် န၀ကမ္မအလှူငွေ တသိန်းပေးလှူခဲ့တယ်လို့ သိရပါတယ်။

No comments: