-->

Wednesday, August 17, 2011

သတိချပ်ဖွယ် ဦးသိန်းစိန်မိန့်ခွန်း


ပြည်ပရောက်မြန်မာများ အမိနိုင်ငံပြန်လာနိုင်ကြောင်း သမ္မတပြောကြား နေပြည်တော်၊ သြဂုတ်(၁၇) ၁၉၈၈ခုနှစ်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ပည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားအားလုံး အမိနိုင်ငံသို့ ပြန်လာခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ မွန်းလွဲ ၂နာရီအချိန် နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်သော ပြည်တွင်းစီးပွားရေးနှင့် လူမှုရေးနယ်ပယ်အသီးသီးမှ တာဝန်ရှိသူများကို ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

မြန်မာနိုင်ငံသို့ ပြန်လာလိုသော နိုင်ငံသားများသည် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့စဉ် ပြစ်မှုတစ်စုံတရာ (ဥပမာ-လူသတ်မှု) ကျူးလွန်ထားသူဖြစ်ပါက ထိုပြစ်မှုအတွက် ပြစ်ဒဏ်စီရင်ခြင်းခံရမည်ဖြစ်ကြောင်း၊ ပြည်ပသို့ မထွက်ခွာခင်က ယခင်မိမိတို့ နေထိုင်ခဲ့ရာ မြို့နယ်များနှုင့် အကြုံးဝင်သော သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးအရများထံ တိုက်ရိုက်ဆက်သွယ်ကာ မိမိတို့ ပြန်လာလိုကြောင်း လိုအပ်မည့် အသေးစိတ်အချက်အလက်များကို မေးမြန်းဆောင်ရွက်နိုင်ကြောင်း သမ္မတ၏ အဆိုအရ သိရသည်။

ရင်းမြစ် ။ ။ ဗွိုက်စ် ၀ိကလီး

No comments: