ဒီနေ့ အစိုးရထုတ်သတင်းစာတွေပုံစံပြောင်းနေတယ်။ ဦးတည်ချက်တွေလည်းပျောက်ကုန်ပြီး ဒို့တာဝန်အရေးသုံးပါးကတော့ အောက်ကမြင်တဲ့အတိုင်းပါဘဲ
ပြည်သူ့သဘောထားကတော့ ဒုတိယစာမျက်နှာမှာ ခပ်သေးသေးလေးဘဲပါတော့တယ်။
နောက်ဆုံးစာမျက်နှာမှာ မပါမဖြစ် စလုံးမဲနဲ့ပါခဲ့တဲ့ မင်းမဲ့စရိုက်ဖြင့် ဒီမိုကရေစီမရနိုင်ဆိုတာတို့ လေလှိုင်းပေါ်က လူသတ်သမားများဆိုတာတို့ မပါတော့ဘူးဗျ နောင်မြင်ရမှာမဟုတ်လို့ အမှတ်တရ ကြည့်နိုင်ရန် ပြန်ကူးပေးလိုက်ပါတယ်။
နောက်ထပ်ထူးခြားတာကတော့ အရင်ရဲချုပ်လုပ်ခဲ့တဲ့ ဦးခင်ရီ မိုးကုတ်ဝိပဿနာ တရားပို့ချနေတာပါဘဲ
No comments:
Post a Comment