-->

Monday, October 3, 2011

ကေအိုင်အေဘက်က ဖမ်းဆီးသိမ်းဆည်းရရှိမှုမှတ်တမ်းများ

ဇူလိုင် ၁၆ ရက် ၁၇ ရက်က ကေအိုင်အေက ဖမ်းဆီးရမိတဲ့ မှတ်တမ်းဗီဒီယိုဖိုင်ဖြစ်ပါတယ်။။ ဗိုလ်ကြီး ဗိုလ်လေး တပ်သားညီလေးများ အထက်အရာရှိခိုင်းတိုင်းလုပ်နေရပြီး ခံစရာရှိတော့ ရှေ့ တန်းမှာခံနေရတာကို သိစေချင်လို့ မိုးမခစာမျက်နှာမှ ပြန်လည်ကူးယူဖေါ်ပြလိုက်ပါတယ်။ ယူနီဖေါင်းဝတ်ပြီး အပွင့်တပ်ရတာကို ဂုဏ်ယူစရာလို့ ထင်နေတဲ့သူငယ်ချင်းများ အမြင်မှန်ရကြပါစေ။ မြန်မာပြည်သားအချင်းချင်း သတ်ဖြတ်ခြင်းကင်းဝေးကြပါစေ။

5 comments:

jonathan said...

hello! lets give comment, how you feel on this video.

jonathan said...
This comment has been removed by the author.
Anonymous said...

God Bless,KIA........

Anonymous said...

တိုင်းရင်းသား ညီအကိုအခြင်းခြင်း တရားမျှတ သင့်တင့်စွါ သာတူညီမျှ တန်းတူအခွင့်အရေး မပေးပဲ တစ်ဖက်သတ် အနိုင်ယူ၊ ပြည်နယ်ပြည်မ ခွဲခြား ခေါင်းပုံဖြတ်နေသမျှတော့ ဘယ်အစိုးရပဲ တက်တက် ခုလို အပစ်မဲ.လူငယ်လေးတွေ ရာထောင်များစွာ မရှုမလှသေကြေ ပျက်စီးကြရမှာပဲ။

ပြည်တွင်း စစ်ပွဲအနှစ် ၆၀ ကျော်လာအောင် အချိန်ဆွဲလာကာ ကျည်လွတ်ရာက အမိန်.ပေးပြီး လူငယ်တွေ ရဲ. အသက်တွေကို ဖြုန်းလာတာ ဘယ်သူတရားခံတွေလဲ သေသေချာချာ ပြန်စဉ်းစါးကြပါ။
(ဖေဖေ နဲ.မေမေ ဆိုတဲ့ ဓါတ်ပုံလေး တွေ.ရတာ အလွန်စိတ်မကောင်း ဖြစ်မိတယ် တကယ်တော့ သူတို.တွေဟာလဲ ကျုပ်တို.လို မိဘတွေ သားသမီးတွေရှိတဲ့ ခံစါးချက်တွေနဲ. လူတွေပါပဲ )။

အိမ်ကြက်အခြင်းခြင်း အိုးမဲသုတ်ပီး ခွပ်ခိုင်းထားတာ မြင်အောင်ကြည့် သင့်ကြပါပြီ။

Anonymous said...

အဲဒီတော့ ဘယ်လိုလုပ်ရမလဲ.. ကေအိုင်အေက သူတို့နယ်မြေသတ်မှတ်.. အဲဒီသတ်မှတ်နယ်မြေမှာ သေနတ်တကားကားနဲ့ လုပ်ချင်သလိုလုပ်.. ဆက်ကြေးကောက်.. ငုတ်တုတ်ထိုင်ကြည့်ပေးရမတဲ့လား.. ခင်ညွန့်လက်ထပ်က ငြိမ်ရင်ပီးရောဆိုပီး မတရားအခွင့်အရေး ပေးလို့ ငြိမ်းတပ်ဖွဲ့ဆိုရင် အဲဒီဒေသက တိုင်းရင်းသားတွေတောင် နှာခေါင်းရှုံ့အောင်ကို လူပါးဝ.. သောင်းကျန်း.. ခုလို အင်အားကြီးတွေ ဖြစ်လာခဲ့တာမို့ တခါတလေ ငြိမ်ရင်ပီးရောဆိုပီး လက်သိပ်ထိုး လွှတ်ပေးတာက အများကြီး ပိုဆိုးစေပါတယ်..