-->

Saturday, October 22, 2011

ကော့သောင်းမြို့မင်းမဲ့တိုင်းပြည်မှာ ဝိုင်လူး(ခေါ်)လမ်းသရဲများသောင်းကျန်း

ကော့သောင်းမြို့ အေးရိပ်ငြိမ် (၃)မိုင် ဘုရင့်နောင်စတဲ့ ရပ်ကွက်တွေမှာ မှီတင်းနေထိုင်ကြကုန်သော ဆယ်ကျော်သက်ကောင်လေးများသည် စိတ်ကြွဆေးပြားတွေစားပြီး မူးယစ်ရမ်းကားနေတာကို ဆုံးမမဲ့သူဟန့်တားမဲ့သူ အရေးယူမည့်သူမရှိပါ ။သမ္မတ ဦးသိန်းစိန်ရဲ့ အာဏာစက်သည် သူထီးနန်းစိုက်ရာတဝိုက်မှာသာ အာဏာစက်ပျုံနှံ့ပြီး ကျေးလက်တောရွာ အစွန်အဖျား ရေခြားမြေခြား နယ်စပ်ဒေသများတိုင်ပျံ့နှံ့လွှမ်းမိုးနိုင်ခြင်း မရှိပါ။

မနှစ်ကအေးရိပ်ငြိမ်ရပ်ကွက် ရန်ကြီးအောင်ဘောလုံးကွင်းကြီးမှာ တရားပွဲလုပ်တော့ တရားနာပြီးပြန်တဲ့ ရွှေဟသာင်္ရပ်ကွက်က ကလေးမတစ်ယောက်ဆိုင်ကယ်စီးပြီးပြန်တာကို ဝိုင်လူးလို့ခေါ်တဲ့ အင်္ကျီအမဲ ဘောင်းဘီအမဲဝတ် နားမှာလဲ နားကွင်း နားသန်သီးတွေနဲ့ အမေရိကန်လမ်းသရဲတွေလို ဆိုင်ကယ်စီးလမ်းသရဲတစ်စုက နောက်ကလိုက်ပြီး ဆွဲကြိုးဖြတ်လုတယ် နောက်ကလိုက်လာတဲ့ တရားပွဲအပြန် NLD အဖွဲ့ကဦးမျိုးသိန်းမြင်တော့ အမြင်မတော်လို့ဝင်တားတယ် သူမြင်တာကလမ်းသရဲ(၂) ယောက်နောက်ကဆိုင်ကယ်တွေနဲ့လိုက်လာတဲ့ (၈)ယောက်အုပ်စုက သံလက်သီးနဲ့ဘယ် ညာ(၂)ဖက် ညှပ်ထိုးလို့သတိလစ်ပြီးဆေးရုံရောက်မှ သတိရတယ်လို့သိရပါတယ် တရားခံမမိဘူးလို့လဲကြားတယ်။ ။

နောက်ဖြစ်ရပ်တစ်ခုကတော့ လူကုန်ကူးမှုတားဆီးရေးက ဒုရဲအုပ်သန့်ဇင်နဲ့ ဂျိုနာသန်ကိုယ်စားလှယ်သိန်းစိုးဦးတို့ ဂျစ်ကားနဲ့အသွားလမ်းမှာ(ဝိုင်လူး)လမ်းသရဲတွေဆိုင်ကယ်နဲ့ ကားရှေ့ကလမ်းပိတ်ပြီးစကားတပြောပြောနဲ့သွားနေလို့ဟွန်းတီးပြီးဖယ်ခိုင်းရာကနေ စကားများကြဆဲကြဆိုကြတယ် ။ ဒါနဲ့လမ်းသရဲတစ်စုက(၈)ယောက်ကနေ(၁၀)ယောက်အထိလူစုပြီး သူတို့ကားအပြန်အလာကိုဒုတ်တွေ ဓါးတွေနဲ့စောင့်နေတယ် ကားလဲပြန်လာရော ရုပ်ရှင်ထဲကအသေခံလူမိုက်တွေလိုဆိုင်ကယ်(၂)စီးကားရှေ့ကရုတ်တရက်ပိတ်ရပ်လိုက်တယ် ။ ကားလဲရုတ်ရက်ဘရိတ်ပုပ်လိုက်ရော ဝိုင်းလုကြပါလေရော။ ။ကားပေါ်ပါလာတဲ့သူအချို့နဲ့ သိန်းစိုးဦးက အပြေးကောင်းလို့လွတ်သွားပြီး ကျန်ခဲ့တဲ့ ဒုရဲအုပ်သန့်ဇင်ကို ဝိုင်းပြီးခုတ်ထစ်ရိုက်နှက်လိုက်ကြတာ လက်ချောင်းတစ်ချောင်းကျိုးပြီး စတီးချောင်းထည့်ထားရတယ်။ ရိုက်တဲ့ကောင်တွေထဲမှာလည်း ရဲမိသားစုဝင်တွေပါတယ်လို့သိရပါတယ်။ တရားခံလည်းမမိ အမှုမဖွင့်ကြပါဘူး ရဲအချင်းချင်းရိုင်းပင်းကူညီတဲ့အနေနဲ့ ရှာဖွေဖော်ထုတ်ဖမ်းဆီးပေးတာမျိုးလဲမရှိပါဘူး။ ။

အခုတစ်ခါ16.10.2011နေ့ည(၈)နာရီလောက်ကလ.ဝ.ကတိုက်နယ်မှူး တစ်ပွင့်နဲ့ကိုအေးပိုင်သူ့ကလေး(၁၀)နှစ်သားနဲ့ဗျောက်အိုးမီးပန်းပူဆာလို့သွားဝယ်ပေးတာ
မဉ္ဇူသကလမ်းမရှေ့မရောက်ခင် လွတ်လပ်ရေးကျောက်တိုင်နားက မှောင်ရိပ်ထဲမှာ ဝိုင်လူးလမ်းသရဲ(၅)ယောက်လမ်းပိတ်ပြီး စကားတစ်ပြောပြောနဲ့လမ်းလျှောက်နေလို့ဟွန်း တီးပြီးမင်းတို့စကားပြောရင်လမ်းဘေးမှာ ဆင်းပြောကြလို့ပြောမိတာနဲ့အသင့်ပါလာတဲ့ လက်နက်အစုံနဲ့ဝိုင်းရိုက်လိုက်ကြတာ ပြီးတော့သေပြီဆိုပြီးပစ်ထားခဲ့တယ်လမ်းသွား လမ်းလာတွေကတွေ့တော့ဆေးရုံကိုပို့ပေးကြတယ်။ ဦးခေါင်းရှစ်ချက်မျက်ခုံး၂ဖက်၎ချက်စီ ချုပ်ရပြီးပါးစပ်ထဲမှာသွားအကုန်ကျိုးပဲ့ကုန်တယ်မေးရိုးလဲကျိုးတယ်ဗိုက်နဲ့ဆီးအိမ်အချွန်နဲ့ထိုးခံရလို့အူမှာ(၃)ချက်ထိပြီးဆီးအိမ်တစ်ချက်ထိတယ်လို့သိရပါတယ်။ ရိုက်တဲ့ကောင်တွေကဆေးရုံကိုလာကြည့်ပြီး သေပြီဆိုပြီးတော့ တစ်ဖက်နိုင်ငံကိုထွက်ပြေးကြတယ် ဒါကြောင့် လ.ဝ.ကကြီးသေသွားပြီလို့သတင်းဆိုးတွေပျံ့နေတယ်ကံကောင်းလို့လ.ဝ.ကကြီးမသေပါ။ ဒါပေမဲ့ ရုပ်ပျက်ဆင်းပျက်ကြီးဖြစ်သွားရတာပေါ့ တာဝန်ရှိတဲ့ရဲတွေကလဲလောင်းကစား ဝိုင်းမှာအကောက်ကောက်ဖို့ဘဲစိတ်ဝင်စားကြတယ်၊

တရားခံကိုဘယ်လိုမိအောင်ဖမ်းဖို့တော့စိတ်မဝင်စားကြဘူး မှုခင်းကျဆင်းရေး ဒုစရိုက်နှိမ်နင်းရေးလို့ကြွေးကြော်နေကြပေမဲ့ ကိုဇာဂနာပြောသလို NATO(No Action Talk Only) နေတိုးဖြင့်နေပါတယ် ကြုံလို့ပြောရဦးမယ် ရုပ်ရှင်ထဲမှာပါတဲ့ လမ်းသရဲသုံးလက်နက်မျိုးစုံကို ကမ်းနားလမ်းကရွှေသီရိကုန်မာဆိုင်မှာဝယ်လို့ရတယ်။ ရဲထောက်ခံစာမလိုဘူး ကဲ အဲ့ဒါသာကြည့်တော့ ဦးသိန်းစိန်ရေ ကျုပ်တို့ဘယ်သူ့အားကိုးရမှာလဲလို့သာ အော်ဟစ်ပြီးငိုပစ် လိုက်ချင်တော့တယ်။ ။

3 comments:

Anonymous said...

အရေးယူမယ့်သူမှမရှိတာ

Anonymous said...

အရေးယူမယ့်သူမှမရှိတာ

Anonymous said...

အရေးယူမယ့်သူမှမရှိတာ