-->

Monday, October 24, 2011

ဓမ္မာရုံမှာတောင် ဖိနပ်မချွတ်တဲ့ ဒုသမတ

နိုင်ငံတော် အကြီးအကဲတဦးဖြစ်တဲ့ ဒေါက်တာ စိုင်းမောင်ခမ်းဟာ မနေ့ က အောက်တိုဘာ ၂၃ ရက်နေ့ ရေကြီးပြီး ၄ရက်မြောက်နေ့မှာ ပခုက္ကူကို ရောက်လာခဲ့ပါတယ်။ အမှတ် ၃ ရပ်ကွက် တိလောကရာမကျောင်း ဓမ္မာရုံမှာ လုပ်တဲ့ အလှူငွေပေးအပ်ပွဲ အခမ်းအနားမှာ တခြားသူတွေဖိနိပ်မစီးကြဘဲ သူက ရှူးဖိနိပ်ကိုမချွတ်ဘဲ လူတွေလိုက်နုတ်ဆက်နေတယ်။ အလှူငွေတွေပေးနေတယ်။ ဓမ္မာရုံဆိုတာ ရဟန်းတော်များတောင် ဖိနပ်ချွတ်ဝင်ရပါတယ်။ ဘုန်းကြီးကျောင်းဝိုင်းထဲဆိုရင်တော့ ကျောင်းထိုင်ဘုန်းကြီးက ခွင့်ပြုရင်စီးခွင့်ရှိပါတယ်။ ကျနော်တို့ ဗုဒ္ဓဘာသာနိုင်ငံမှာ ခုလိုနိုင်ငံတော်အကြီးအကဲတယောက်က ဘာသာရေးကို မထေမဲ့မြင်လုပ်တာတော့ ရှုံ့ချကန့်ကွက်လိုက်ပါတယ်။ အောက်ကပုံတွေမှာ ရူစားကြပါကုန်

No comments: