-->

Wednesday, November 30, 2011

တိဗက်တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြင့်ဖို့ အလားအလာရှိ


Buddha FM တည်ထောင်သူလည်းဖြစ်၊ ဘလော့ဂါလည်းဖြစ်တဲ့ မွန်ဘိုင်းတက္ကသိုလ်မှာ ပါရဂူဘွဲ့အတွက် ပညာသင်ကြားနေတဲ့ အရှင်မေတ္တာစာရဟာ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ ဖေဖေါ်ဝါရီလမှာ တွေ့ဆုံခဲ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို တိဗက်တက္ကသိုလ်က ဂုဏ်ထူးဆောင်ဘွဲ့တခုခုပေးဖို့ အကြံပေးခဲ့တာကို စဉ်းစားပေးတဲ့အနေနဲ့ ဒီကနေ့မနက်မှာအကြောင်းပြန်လာတယ်လို့ သိရပါတယ်။ 



ခင်မင်လေးစားရပါသော အရှင်

ဘုန်းတော်ကြီးထံသို့ ၂၆ နိုဝင်ဘာက သင် ပေးပို့လိုက်သော အီးမေးလ်အတွက် ကျေးဇူးတင်ပါတယ်။ ဘုန်းတော်ကြီးက သူ၏ကိုယ်စား ကျွန်ုပ်ကို စာပြန်ခိုင်းပါတယ်။ သင်အကြံပြု တင်ပြသော ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်ုပ်တို့ဖက်မှ ဂုဏ်ထူးဆောင်ဆု ပေးအပ်ရန်ကို ကျွန်ုပ်တို့ အင်မတန် ကျေးဇူးတင်ပါတယ်။ ဘုန်းတော်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ကို အင်မတန် လေးစားချစ်ခင်တဲ့သူဖြစ်ပြီး သူမနဲ့လည်း ရံဖန်ရံခါ ဆက်သွယ်မှု ပြုပါတယ်။ သင်တင်ပြသော အကြံပြုချက်ကို တိဘက်ရေးရာဗဟို တက္ကသိုလ်မှ လက်ထောက် အုပ်ချုပ်ရေးမှူးထံကို တင်ပြပေးပါမည်။ အဆိုပါ တက္ကသိုလ်မှာ အိန္ဒိယတက္ကသိုလ်များဆိုင်ရာ အက်ဥပဒေနှင့်အညီ ဖွင့်ထားသည့် တက္ကသိုလ်ဖြစ်ပါသည်။

လာမည့် ဒီဇင်ဘာ ၁၁ ရက်နေ့ ပရက်မြို့တွင် သမ္မတ Vaclav Havel၏ ဖိတ်ကြားချက်အရ ပြုလုပ်မည့် ခေါင်းဆောင်များ စုဝေးတွေ့ဆုံပွဲရှိကြောင်းကိုလည်း အကြောင်းကြားလိုပါတယ်။ အဲ့ဒီပွဲမှာ နိုဗယ်ငြိမ်းချမ်းရေးဆုရတဲ့သူတွေကိုလည်း ဖိတ်ကြားထားပါတယ်။ တရုတ်နိုင်ငံက လူရှောက်ဘို နိုဗယ်ငြိမ်းချမ်းရေးဆုရတဲ့ ပထမ နှစ်ပတ်လည်အခမ်းအနားလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဒီပွဲ တက်ဖို့ ဖိတ်ထားတယ်လို့ ကျနော်တို့ကို ပြောပါတယ်။ အကယ်၍ သူမသာ ဒီပွဲ လာတက်ဖို့ ဖြစ်နိုင်မယ်ဆိုရင် ဘုန်းတော်ကြီးက သူမကို တွေ့လိုတယ်လို့ ပြောပါတယ်။

ကောင်းသောဆန္ဒများဖြင့်
Chhime R. Chhoekyapa
ဘုန်းတော်ကြီး ဒလိုင်းလားမား၏ ကိုယ်ရေးအရာရှိ




No comments: