-->

Thursday, December 1, 2011

လက်ညိုး ငေါက်ငေါက်ထိုးတာ အတုခိုးရမှာလား


လက်ညိုး ငေါက်ငေါက်ထိုးတာ အတုခိုးရမှာလား ကျနော်တို့ ငယ်ငယ်ကတော့ စကားပြောတဲ့အခါ လူကြီးသူမတွေနဲ့ပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း အချင်းချင်းပဲဖြစ်ဖြစ် လက်ညှိုးတငေါက်ငေါက်နဲ့ စကားပြောရင် ရိုင်းပြတဲ့ အမူအရာလို့ သွန်သင်ဆုံးမခံခဲ့ရဖူးပါတယ်။ ဆရာမက မလိမ္မာတဲ့ တပည့်ဖြစ်သူကို သတိထားဖို့ မာန်မဲတဲ့ အခါလိုမျိုးမှာသာ လက်ညိုးလေးထောင်ပြီး ပြောလေ့ရှိတာပါ။ တစုံတခုကို ညွှန်ပြချင်ရင်တောင်မှ လက်ညှိုးတချောင်းထဲ မသုံးဖို့၊ လက်ဖ၀ါးတခုလုံးကို သုံးပြီး ညွှန်ပြမှ ယဉ်ကျေးတယ်လို့ လူကြီးသူမတွေက သွန်သင်ဆုံးမခဲ့ကြပါတယ်။

ကျနော်တို့ အရွယ်ရောက်လာတော့ နိုင်ငံတကာက လူပေါင်းစုံနဲ့ ပေါင်းသင်းပြောဆိုကြတဲ့အခါမှာ အဲ့သလို လက်ညိုးကြီး တရွယ်ရွယ်နဲ့စကားပြောတာ၊ စကားပြောတဲ့အခါ ခြေအစုံ လက်အစုံ ဟိုထိုးဒီထိုးနဲ့ စကားပြောတာတွေဟာ ရိုင်းပြတဲ့အမူအရာဖြစ်လို့ ဒီလိုမလုပ်ဖို့ သတိပေးတာတွေကို မှတ်သားရဖူးပါတယ်။ ထုံးတမ်းစဉ်လာတွေနဲ့ ယဉ်ကျေးမှုမြင့်မားပါတယ်လို့ နိုင်ငံတကာခရီးသွားတွေက ချီးမွမ်းနေတဲ့ တိုင်းပြည်တခုကို အုပ်ချုပ်မင်းလုပ်နေတဲ့ သမတကြီးနဲ့ သမတကြီး ကတော်တို့ .. စကားပြောတဲ့အခါ လက်ညှိုးထိုးပြောရင် ဆဲရေးတိုင်းထွာတဲ့အလား ရိုင်းပြတယ်လို့ဆိုတဲ့ အနောက်နိုင်ငံကြီးက နိုင်ငံခြားရေးဝန်ကြီးကို ဒီလိုပုံစံနဲ့ စကားပြောဆိုနေတာ ဘာကြောင့်ပါလဲ။

ဒါမှ မဟုတ် ….. ငယ်ငယ်ကတော့ စာသင်နေရင်း အပေါ့သွားချင်လို့ ဆရာမကို ခွင့်တောင်းမယ်ဆိုရင် လက်ညိုးလေး တချောင်းထောင်ပြီး Please may I go out teacher? လို့ ပြောသလိုများ ပြောနေလေသလား .. 

No comments: