-->

Monday, February 13, 2012

တမူးခရိုင်၊ တမူးမြို့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ပြည်ထောင်စုနေ့  ဈေးရောင်းပွဲတော် ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်၊ တမူးမြို့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဖေဖော်ဝါရီလ(၁၂)ရက်နေ့  ပြည်ထောင်စုနေတွင် ဈေးရောင်းပွဲတော် ကျင်းပခဲ့ကြောင်းသတင်းရရှိပါသည်။ အဆိုပါအဈေးပွဲတော်ကို တမူးမြို့  အမျိုးသားဒီမိုကရေစီအဖွဲချုပ်မှ ဘဏ္ဍာရေးမှူး ဦးချမ်းလှ နေအိမ်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။ “ 

မုန့်ဟင်းခါး၊ကြာဇံချက်၊ကော်ဖီ နှင့် မုန့် ၊ ၀က်သားတုတ်ထိုး၊ရေခဲမုန်တွေရောင်းချခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ၊ တီရှပ်၊ သော့ချိတ်၊ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ၊ တီရှပ်၊ ဦးထုတ် ၊သော့ချိတ်၊ပြက္ခဒိန်၊ စာအုပ်၊အဖွဲ့ ချုပ်အလံ ၊ရင်ထိုး၊စတေကာများလည်း ရောင်းချခဲ့ရာ ပြည်သူလူထုမှ လှိက်လှိက်လှဲလှဲဝယ်ယူအားပေးခဲ့ကြောင်း သိရှိရပါသည်။ စုစုပေါင်း သိန်း(၃၀)ခန် ရောင်းချခဲ့ရသည်ဟု သတင်းရရှိပါသည်။

No comments: