-->

Sunday, February 12, 2012

တနသာင်္ရီတိုင်းက အန်အယ်လ်ဒီတွေရဲ့ လှုပ်ရှားမှု တချို့

တနင်္သာရီမြို့နယ်ရုံးတည်နေရာ။ ။သီတာလမ်း၊ချောင်းငယ်ရပ်(မွန်စု)၊တနင်္သာရီမြို့
(၆၅)နှစ်ပြည့်ပြည်ထောင်စုနေ့အခမ်းအနားကို တနသာရီတိုင်း၊လောင်းလုံမြို့နယ်(nld)ရုံးမှာ ကျင်းပခဲ့ပါတယ်။ ထားဝယ်ခရိုင်အတွင်းရှိအဖွဲချုပ်အဖွဲ့ဝင်များအပါအ၀င် ပရိတ်သတ်(၃၀၀)ကျော်တက်ရောက်ခဲ့ပါတယ်။

အခမ်း အနားမှာပြည်ထောင်စုနေ့အမှတ်တရကဗျာများကို လူကြီးလူငယ်၊ အမျိုးသမီးငယ်များအပါအ၀င်(၁၅)ဦးတို့က အားပါးတရရွတ်ဆိုခဲ့ကြပါတယ်။ သဘာပတိအဖြင့်ဆောင်ရွက်တဲ့ ဦးအောင်စိုး(လွတ်တော်ကိုယ်စားလှယ်လောင်း)က အယူတော်မင်္ဂလာ အမတ်ကြီးဦးနိုးရဲ့“သူလာမှ ပြည်သာမည်” ကဗျာနဲ့နိဂုဏ်းချုပ်စကားပြောကြားခဲ့ပါတယ်။ ဦးအောင်စိုး(လွတ်တော်ကိုယ်စားလှယ်လောင်း)နဲ့ အဖွဲ့ဟာမနက်ဖန်မှစတင်ပြီး ဟောပြောစည်းရုံးရေးခရီးမြို့နယ်အတွင်းထွက်မည်ဟုသိရပါတယ်။

သတင်းနှင်ဓါတ်ပုံ ဒေါင်းလူငယ်(ထားဝယ်)

No comments: