-->

Thursday, April 2, 2009

လွတ်တော်ကိုယ်စားလှယ်နေရာ အားလုံးအတွက် စစ်အစိုးရလူရွေးပြီးပြီ

၂၀၁၀ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ စစ်အစိုးရက နီးစပ်ရာလုပ်ငန်းရှင်တွေကို ညွန်းကြားထားပြီး ဖြစ်တယ်လို့ စစ်အစိုးရ ၀န်ကြီးအဖွဲ့နဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တချို့ ကပြောပါတယ်၊ လုပ်ငန်းရှင်တွေဘက်ကလည်း ရွေးကောက်ပွဲ ၀င်ရောက်ဖို့ နူတ်အားဖြင့် ကတိပြုထားပြီးဖြစ်တယ်လို့ ဆိုပါတယ်၊ ပါဝင်ယှဉ်ပြိုင် မဲ့လုပ်ငန်းရှင်တွေဟာ မိမိတို့ရဲ့ ဇာတိမြို့နယ်တွေကနေ ရွေးကောက်ပွဲ ၀င်ရောက်ကြရမှာဖြစ်တယ်လို့သိရပါတယ်၊ ယုဇန ဦးဌေးမြင့်က မြိတ်မြို့၊ Max Myanmar ကုမဏီ ပိုင်ရှင် ကိုဇော်ဇော်က ရေကြည်။ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဌ ဦးသန်းလွင်က ခရမ်း၊ ဇေကမ္ဘာ ဦးခင်ရွှေက ကော့မှူး ၊ ဧဒင်ကုပဏီ ပိုင်ရှင် ဦးချစ်ခိုင်က ဓနုဖြူမြို့၊ UMFCCI ကုန်သည်ကြီးများနဲ့ စက်မူလက်မူလုပ်ငန်းရှင်မျာအသင်း ဥက္ကဌ ဦးဝင်းမြင့်က တန့်ဆည် စသဖြင့် မြို့နယ်အလိုက် တာဝန်ပေးသတ်မှတ်ပေးထားပြီး ဖြစ်တယ်လို့သူကပြောပါတယ်၊

အလားတူ စက်မူ (၁) ၀န်ကြီး ဦးအောင်သောင်းကို တောင်သာမြိ့နယ် ၊ စီမံ စီးပွားဝန်ကြီး ဦးစိုးသာကို တွံတေး စသဖြင့် လက်ရှိဝန်ကြီးတချို့ကိုလည်း ရွေးကောက်ပွဲ မှာ မြို့နယ်အလိုက် ၀င်ရောက်ပါဝင်ဖို့ သတ်မှတ်ထားတယ်လို့ စစ်အစိုးရ၀န်ကြီးတချို့နီးစပ်တဲ့ သတင်းရပ်ကွက်ကပြောပါတယ်၊

ဒါ့ပြင် ၂၀၁၀ ရွေးကောက်ပွဲ အတွက် စစ်တပ်က ကိုယ်စားလှယ် ၁၁၀၊ နီးစပ်တဲ့လုပ်ငန်းရှင်တွေ ၊ ၀န်ကြီးတွေပါဝင်မဲ့အရပ်ဖက် ပြည်သူကိုယ်စားလှယ် ၃၃၀ ၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၄၄၀ စာအတွက် လူရွေးချယ်မူ အားလုံးပြီးစီးသွားပြီး ဖြစ်ပြီးနိုင်ငံရေး ပါတီမှတ်ပုံတင် ခွင့် အပါအ၀င် ရွေးကောက်ပွဲ ဥပဒေကို လာမဲ့ ဧပြီလနှောင်းပိုင်း၊ ဒါမှမဟုတ် မေလဆန်းပိုင်းအတွင်း ထုတ်ပြန်ကြေညာဖွယ် ရှိတယ်လို့သိရပါတယ်၊ နိုင်ငံရေးပါတီမှတ်ပုံတင် ခွင့်ကို နှစ်လလောက်ပဲ ခွင့်ပြုမှာဖြစ်ပြီး မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီ အားလုံး ရွေးကောက်ပွဲဝင်ရမှာ ဖြစ်ကြောင်း မှတ်ပုံတင်မတင်တဲ့ နိုင်ငံရေး ပါတီတွေကို ဖျက်သိမ်းမှာဖြစ်ကြောင်း အဲဒီရွေးကောက်ပွဲ ဥပဒေမှာ ရေးသားထားတယ်လို့ ဥပဒေမူကြမ်း ကိုဖတ်ရူခွင့်ရခဲ့တဲ့ လုပ်ငန်းရှင်တစ်ဦးက RFA ကိုပြောပါတယ်၊

နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်ကို နှစ်လလောက်ပဲ ခွင့်ပြုမှာဖြစ်ပြီး၊ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီ အားလုံး ရွေးကောက်ပွဲဝင်ရမှာ ဖြစ်ကြောင်း၊ မှတ်ပုံမတင်တဲ့ နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းမှာဖြစ်ကြောင်း အဲဒီရွေးကောက်ပွဲ ဥပဒေမှာ ရေးသားထားတယ်လို့ ဥပဒေမူကြမ်းကို ဖတ်ရှုခွင့်ရခဲ့တဲ့ လုပ်ငန်းရှင်တဦးက RFA ကိုပြောပြပါတယ်။

စစ်အစိုးရက နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မေလအတွင်း လွှတ်ပေးဖို့ အရိပ်အယောင် ရှိနေတဲ့အတွက် ရွေးကောက်ပွဲ နိုင်ငံရေးအခြေအနေတွေ မြင်တွေ့လာရဖွယ်ရှိတယ်လို့ ရန်ကုန်နိုင်ငံရေးသမားတချို့က ပြောပါတယ်

RFA မှကူးယူဖော်ပြသည်၊

No comments: