ကျမရဲ့အိမ်
မွေးဖွားခဲ့ရာ
ပျိုးထောင်ခဲ့ရာ
ချစ်ခင်ယုယ နွေးထွေးမှုများ ရှိခဲ့ဖူးပါရဲ့
ခုဆိုရင်
ထိတ်လန့်ကြောက်ရွံ့စရာ အပြည့်
မှောင်ကြီးမဲမဲ ပကတိ
ကျမရဲ့ မိသားစု
ကြီးပြင်းလှုပ်ရှားခဲ့ရာ
ရွှင်လန်းချမ်းမြေ့ ရှင်သန်နေထိုင်ခဲ့ဖူးပါရဲ့
ခုဆိုရင်
စိုးရိမ်သောက လွှမ်းမိုးမှုတွေ
အကြောက်တရားတွေနဲ့
ရပ်တည်နေကြရ
ကျမရဲ့ မိတ်ဆွေတွေ
ကျမ ဘ၀ကို မျှဝေခံစားပေးတဲ့အခါ
ရိုးသားဖြူစင်စွာနဲ့
ရွှင်ပြမှုတွေ ရှိနေခဲ့ဖူးပါရဲ့
ခုဆိုရင်
နှလုံးသားမှာ အမာရွတ်တွေနဲ့
နေထိုင်နေကြရ
ပျံနေတဲ့ ငှက်ကလေး
ဘယ်နေရာဖြစ်ဖြစ် တောင်ပံခတ်ကာ ပျံပေတော့
လှောင်ချိုင့်ထဲမှာ နေခဲ့ဖူးပြီမို့
ခုဆိုရင်
ခွင့်လွှတ်ကျေအေး တေးဆိုရင်း
ဟိုး ... ချစ်မြတ်နိုးရာအရပ်
လွတ်လပ်တဲ့ မြန်မာပြည်ဆီ
ပျံသာပျံပါ နေပါလေ။
ခိုင်အောင်ကျော် (စစ်တွေ)
Free bird towards a Free Burma by Daw Aung San Suu Kyi ကဗျာကို ဆီလျောအောင် ခံစားသီကုံးခြင်းဖြစ်သည်။
ကဗျာပေးပို့သော ဦးခိုင်အောင်ကျော် (စစ်တွေ) အား အညာမြေ တမာနွေမှ ကျေးဇူးတင်ပါသည်။
အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment