-->

Thursday, August 27, 2009

နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို သာမာန်ပြည်သူတွေကတောင် ဆန့်ကျင်ကုန်ပြီ

ဒီကနေ့မနက် မန္တလေးတိုင်း ပုဂံနဲ့ ညောင်ဦး မြို့တွေမှာ နိုင်ငံရေး နိုးကြားတဲ့ လူငယ်တစုက ၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ သင်္ကေတ စာလုံးတွေ သဘောင်္ဆေးတွေနဲ့ရေးသွားတယ်လို့သိရပါတယ်။ ပုဂံ မြို့သစ်မှာ နေတဲ့ ဒေသခံတဦးက ပုဂံ နဲ့ ညောင်ဦး လမ်းမှာ မှုတ်ဆေး အဝါရောင်တွေနဲ့ ၂ဝ၁ဝ ကို ကြက်ခြေခတ်ထားတာတွေရယ် ဖရီးဘားမားဆိုတဲ့ ပုံစံတွေတွေ့ခဲ့တယ် အာနန္ဒာဘုရားနားရယ် ပုဂံရှေးဟောင်း ပြတိုက်နားရယ် ကတ္တရားလမ်းတွေပေါ်မှာရေးထားတာ
ဘယ်အဖွဲ့က လုပ်သွားတယ်ဆိုတာတော့ မသိရှိလိုက်ကြဘူးလို့ပြောပါတယ်။ဖြစ်နိုင်တာကတော့ ဒီလှုပ်ရှားမှုကို နိုင်ငံရေး တက်ကြွတဲ့ လူငယ်တစုက လုပ်ဆောင်ခဲ့တာလို့ပြောပါတယ်။
ခုမနက် ၁ဝ နာရီလောက်မှာတော့ အာဏာပိုင်တွေက လိုက်ဖျက်ပစ်နေတယ်လို့သိရပါတယ်။ ဒီစာတန်းတွေ အများဆုံး တွေ့ခဲ့တဲ့နေရာတွေကတော့ ပုဂံရှေးဟောင်း ယဉ်ကျေးမှုပြတိုက်ရှေ့၊ အာနန္ဒာဘုရား အနီး ၊ပုဂံမြို့လယ်စေတီ နားနဲ့ မြင်းကပါရွာ လမ်းတွေပေါ်မှာ ဖြစ်တယ်လို့ မြို့ခံတွေ အပြောအရသိရပါတယ်။



Rest of your post
အညာနွေတမာမြေ

No comments: