-->

Wednesday, September 16, 2009

စက်တင်ဘာ နှစ်ပတ်လည်နီးလာလို့ ပြည်တွင်းမှာ အဖမ်းဆီးများလာ

ဒီကနေ့ စက်တင်ဘာ ၁၆ ရက် မနက်အစောပိုင်းက မန္တလေးတိုင်း မြင်းခြံမြို့မှာရှိတဲ့ နိုင်ငံရေးစိတ်ဝင်စားသူ လူငယ် ၈ဦးကို မန္တလေးတိုင်း အထူးရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားသည်ဟုသိရသည်၊ အဆိုပါ ၈ ဦးမှာ သံဃာတော်တပါးအပါအ၀င်
ကိုမျိုးဟန်။ဒေါက်တာဝင့်သူ။ ကိုလှမျိုးကျော် ။ ကိုအောင်မျိုးလတ်။ ဗိုလ်ရာခေါ် စိုးရာဇာဖြိုး နဲ့ ကိုကြည်စိုး တို့ကို ဒီနေ့မနက်ခင်း ၃ နာရီလောက်မှာ အကြောင်းပြချက်မရှိပဲ ဖမ်းဆီးသွားခဲ့သည်၊
အဖမ်းခံရသူတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းပွဲတွေမှာ တက်ကြွစွာ ပါဝင်ခဲ့တာကြောင့် ပြီးခဲ့တဲ့လပိုင်းက မြင်းခြံခယက ဥက္ကဌ က ခေါ်ယူသတိပေးခြင်းခံခဲ့ရသည်၊ ။ အခုနောက်ဆုံးရရှိတဲ့သတင်းတွေအရ ၊ မြင်းခြံမြို့စွန်က လူငယ်တွေစုဝေးရာ စွန်းလွန်းဂူကျောင်းကိုတော့ အထူးရဲတပ်ဖွဲ့တွေ တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေသည်ဟု သိရသည်၊
စနေနေ့ကလည်း ပခုက္ကူ မြို့မှာ သာသနာ့ဝိပုလာရာမ အနောက်တိုက် ပါဠိတက္ကသိုလ် အတွင်းက သံဃာတွေကို တွေ့ဆုံမေးမြန်းခဲ့တဲ့ သတင်းထောက်အမျိုးသမီးတဦးနဲ့ ကူညီပေးခဲ့တဲ့ မြို့ခံ ၂ ဦးကို ဖမ်းဆီးထားသည်ဟုသိရသည်၊
စက်တင်ဘာ သံဃလှုပ်ရှားမှု နှစ်ပတ်လည် နီးလာတာနဲ့အမျှ ဖမ်းဆီးမှုတွေ နေရာအနှံ့လုပ်လာတာတွေ့နေရပါသည်၊ ပြင်ပက နိုင်ငံရေးအဖွဲ့အစည်းများ မီဒီယာများမှ မိမိတို့ချိတ်ဆက်သော ပြည်တွင်းမှ ပုဂ္ဂိုလ်များလုံခြုံရေးကို အလေးပေးသောအားဖြင့် ထိမ်းထိမ်းသိမ်းသိမ်း သတိထား ဆက်သွယ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်၊


Rest of your post
အညာနွေတမာမြေ

No comments: