-->

Thursday, October 1, 2009

အစမ်းသပ်ခံ

အစမ်းသပ်ခံ
စိတ်မကောင်းဘူးး
တစ်ကိုယ်ထီးတည်း သင်းကွဲသွားရတဲ့အခါ
စိတ်မကောင်းဘူး
ငါ့ရင်ထဲမှာ နာကျင်သွားတာ
စိတ်မကောင်းဘူး
ငါတို့ရဲ့ နာကျင်မှုတွေ တိုးသွားတာ
စိတ်မကောင်းဘူး
ငါတို့ရဲ့ ယုံကြည်မှုတွေ အပွန်းပဲ့ခံရတာ
စိတ်မကောင်းဘူး
ငါတို့ရဲ့ သွေးတွေ ရဲရဲနီမနေတာ
စိတ်မကောင်းဘူး
ငါတို့ရဲ့ အာရုံတွေ ပျက်ပြားသွားတာ
စိတ်မကောင်းဘူး
ကွာခြားမှု ရုတ်တရက်ကြီးမားသွားတာ
စိတ်မကောင်းဘူး
ဖြေရှင်းလို့ ရတဲ့ ပြဿနာမဖြစ်ခဲ့တာ
စိတ်မကောင်းဘူး
ဘာမဟုတ်တာလေးလို့ အယူဆခံရတာကို
စိတ်မကောင်းဘူး
ငါတို့တွေရဲ့ နှလုံးသားတွေ အစမ်းသပ်ခံရတာ
စိတ်မကောင်းဘူး
လုံလောက်တဲ့ အသိပညာတွေ ရှိမနေတာ
စိတ်မကောင်းဘူး
ဝေမျှခံစားတတ်တဲ့ နှလုံးသားတွေ ပျောက်ဆုံးသွားတာ
စိတ်မကောင်းဘူး
လမ်းတစ်ဝက်မှာ နှုတ်ဆက်လိုက်ရတာ
စိတ်မကောင်းဘူး
အားစိုက်ထုတ်လိုက်ရတဲ့ နှလုံးသွေးတွေ ယိုစီးကျကုန်တာ
စိတ်မကောင်းဘူး
ဖြစ်သင့်တာထက် ဖြစ်ကုန်တာက ပိုများသွားတာကို
စိတ်မကောင်းဘူး
ဘယ်လိုပဲပြောပြော စိတ်မကောင်းဘူး

စိတ်မကောင်းခြင်းများဖြင့် ကဗျာရေးဖြစ်သည်။

မဆုမွန်

မူရင်းကဗျာလေးက ဒီနေရာ က ပါ။

No comments: