လေးစားရပါတဲ့ စာချစ်သူမိတ်ဆွေ အောက်ပါဆောင်းပါးဟာ စကားပြေရေးဟန်မဟုတ်ပဲ အတို့အဆိတ် ဆောင်းပါးပုံစံဖြင့် စာရေးသူက သူဆိုလိုချင်တဲ့ အဓိပ္ပါယ်ကို ကျစ်ကျစ်လစ်လစ် ပေါ်လွှင်အောင် ရေးသားထားခြင်းဖြစ်ပါတယ်။ စာရေးသူဟာ ပြည်တွင်းမှ နိုင်ငံရေး ခေါင်းဆောင်တဦးဖြစ်ပါသဖြင့် အမည်မဖေါ်ပြပေးနိုင်တာကို နားလည်ပေးစေချင်ပါတယ်။ ဝေဖန်အကြံဥာဏ်ပေးချက်များကို အညာနွေမှ ထပ်ဆင့်ပြောကြားပေးပါမည်။
မတရားတဲ့ ၂၀၁၀ ရွေးကောက်ပွဲ
သူတို့မတရားတဲ့ ဥပဒေကိုပင် - သူတို့မလိုက်နာကြ ။
ဒီမတရားတဲ့ ဥပဒေကို ချိုးဖောက် ၊ ကြံ့ဖွံ့နိုင်ရေး ပြောင်ပြောင်တင်းတင်းလုပ် ၊ အနိုင်ကျင့်။
တွေ့နေကြပြီ မဟုတ်လား ၊ အထင်အရှား ။
နအဖ ဘက်သား ပါတီတွေ - ငုံ့ခံနေကြမယ်
ဒီမိုကရေစီဘက်သား ပါတီများ -
သူတို့ ဥပဒေနဲ့ သူတို့ကို တရားပြန်စွဲကြ - အဲဒါက ဥပဒေတွင်းတိုက်ပွဲ ။
ဥုံဟ ဖွဟ - အလိုတော်ရိ နဲ့ ဒီမိုကရေစီ ထင်ရှားအောင် ခွဲပြ ခွဲပြကြ
ခုချက်ချင်း ကွဲပြားအောင် ခွဲပြကြ ။ ငါ့အမိန့် မဟုတ် ။ လူထုအမိန့် ။ မဲလိုချင် အလုပ်နဲ့ပြ ။
ရွေးကောက်ပွဲ သပိတ်မှောက်တဲ့ NLD ( ဒီချုပ် )
ဗဟိုကော်မီတီတွေ နယ်ဆင်းတယ် ။ မှန်လိုက်လေ ။
တိုင်းကော်မီတီတွေ ဘာဆက်လုပ်လဲ ? ဘာဆက်လှုပ်လဲ ?
မြို့နယ်စည်းတွေ တုတ်တုတ်မျှမလှုပ်။ အကုန်လုံးလှုပ်ကြ ။
သပိတ် - သပိတ် - မှောက် - မှောက်
အနိုင်လား ? စတိလား ? အလုပ်ပြရုံလား ?
ဗဟိုကော်မီတီလော ? ဒေါ်အောင်ဆန်းစုကြည် တမန်တော်လော ?
တကယ် အလုပ် လုပ်မှာဆိုရင် - အလုပ်ဖြစ်ဖို့ အချိန်ရှိသေး ။
အနိုင်ရဖို့ အခြေအနေရှိသေး ။ ဗဟိုက ဦးစီပြီးလုပ် ။
ဆက်လုပ် ။ ဆက်လှုပ် ။ အုံနဲ့ ကျင်းနဲ့ လှုပ် ။
လှုပ် - လှုပ် - လှုပ် ။ ဆက်လှုပ် ။
သပိတ် မှောက်ကြလို့ - ဆော်သြတဲ့ လူ့ဘောင်သစ်
ရွေးကောက်ပွဲ တိုက်ပွဲကြီး
ဘယ်အဆင့်ရောက်ပြီလဲ ? ဘာတွေလုပ်ပြီးပြီလဲ ?
အလုပ်ပါရဲ့လား ? သြဝါဒ ပေးရုံဘဲလား ?
ညီလာခံကြီး ကျင်းပ ။ ရုပ်မြင်မှာ ခမ်းခမ်းနားနား ။
အဲဒါ သပိတ်တိုက်ပွဲလား? ဖော်ရှိုးလား ?
မြေအောက်ယူဂျီ
အန္တရာယ်ကင်းရာ ၊ နိုင်ငံခြားမှာ ၊ စတိုင်ကျကျ
ပြောလိုက် ၊ ဟောလိုက် ၊ စကားလုံး လောက်နဲ့တော့ -
တော်လှန်ရေးနဲ့ မထိုက်တန်သေး ။
မင်းမနိုင် - မိအေး ။
၂၀ - ၁၀ - ၂၀၁၀ ။
အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment