-->

Thursday, June 16, 2011

မြောက်ဥက္ကလာက နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး တွေ့ဆုံ လက်မှတ်ထိုးပွဲ

နိုင်ငံရေးအကျဉ်းသားဟောင်းများ ၊ အကျဉ်းကျမိသားစုများ ၊ နိုင်ငံရေးသမားများနှင့် နိုင်ငံရေးအကျဉ်းသားများကို လွတ်မြောက်စေလိုသူများ ၅၀ကျော်ခန့် က ယနေ့ နံနက် ၈နာရီမှ ၁၂နာရီအထိ ရန်ကုန်မြို့ မြောက်ဥက္ကလာပ ဘုန်းကြီးလမ်းရှိ MDC ဦးဆောင်ကော်မတီဝင်ဟောင်း ကိုအေးကြည်(ကွယ်လွန်)အိမ်တွင်ပြုလုပ်သော မိတ်ဆုံစားပွဲတွင် တွေ့ဆုံ၍ စုပေါင်းလက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတကြီးထံ တင်ပြတောင်းဆိုခဲ့ပါသည်။ အဆိုပါကဲ့သို့  မန္တလေးတွင်လည်း ဦးကိုကိုကြီးနှင့်ဒေါ်မြင့်မြင့်အေးတို့ မှ ဦးဆောင်ကာ အင်အား ၁၀၀ကျော်ခန့် ပါဝင်ပြီး လက်မှတ်ရေးထိုးတောင်းဆိုပွဲပြုလုပ်ကြကြောင်း ပြည်တွင်း Networks များ၏ သတင်းပေးပို့ ချက်အရ သိရပါသည်။





-SummaryRest of your postအညာနွေတမာမြေ

No comments:

There was an error in this gadget