-->

Wednesday, June 29, 2011

လေလှိုင်းပေါ်က ညနေခင်း သတင်းများ ( အာအက်ဖ်အေ)

၁။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ လူငယ်တွေရဲ့ အရည်ချင်းအပေါ်အများကြီး မူတည်နေတဲ့အတွက် လူငယ် တွေ အရည်ချင်းပြည့်ဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ အောက်မြန်မာပြည်က အန်အယ်လ်ဒီ လူငယ်တွေနဲ့တွေ့ဆုံရာမှာ ပြောဆိုလိုက်တယ်လို့ပြောပါတယ်။ လူငယ်တွေအနေနဲ့ တာဝန်သိစိတ်ရှိ ဖို့လိုတယ်လို့ပြောပါတယ်။ လူငယ်တွေကို အနာဂတ်အတွက် ပြုစုပျိုးထောင်ဖို့လိုတယ်လို့ ပြောပါတယ်။

၂။ အန်အယ်လ်ဒီဟာ တရားဝင်ပါတီအဖြစ်က ဖျက်သိမ်းခံထားရပြီးဖြစ်သောကြောင့် လက်ရှိလုပ်ဆောင်ချက်တွေဟာ ဥပဒေကို ဖောက်ဖျက်ရာရောက်ပြီး အစိုးရကို ဆန့်ကျင်နေရာရောက်ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥက္ကဌ ဦးအောင်ရွှေထံ ပေးပို့ ခဲ့တယ်လို့ပြောပါတယ်။ ဒါနဲ့ပက်သက်လို့ အန်အယ်လ်ဒီကလည်း သူတို့ ရပ်တည်ချက်ကိုဖော်ပြထားပြီး ပြည်ထဲရေးဝန်ကြီးဌာန နဲ့တွေ့ဆုံကာ တရားဥပဒေစိုးမိုးရေးအရ ညှိနှိုင်းလိုကြောင်း စာရေးသားပေးပို့ထားတယ်လို့ အန်အယ်လ်ဒီ ပြောခွင့်ရ ဦးဥာဏ်ဝင်း က ပြောပါတယ်။

၃။ ဂျပန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့တွေ့ဆုံတယ်လို့ ပြောပါတယ်။ မြန်မာ့ ဒီမိုကရေစီပေါ်ထွန်းလာဖို့အတွက် ဂျပန်က အကူညီပေးသွားမယ်လို့ ပြောပါတယ်။

၎။ မွန်ပြည်နယ် သံဖြူဇရပ်မြို့ မြို့နယ် အုပ်ချုပ်ရေးမှုးရုံးမှာ မနေ့ညက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ပြောပါတယ်။ ဗုံးကွဲမှုက ညဘက်ဖြစ်တာမို့ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ပြောပါတယ်။ ခရီးသည်တင် အဝေးပြေးကား ၂ စီးကိုလည်း ရေးမြို့အနီးမှာ အမည်မသိ လက်နက်ကိုင်တဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထားဝယ်အဝေးပြေး ကားလိုင်းမှ တဆင့်သိရတယ်လို့ပြောပါတယ်။

၅။ မွန်ပြည်နယ် သံဖြူဇရပ်နဲ့ မုဒုံမြို့တို့မှာ လက်နက်ကိုင်ဆောင်ထားတာကို လာမယ့် (၃ဝ) ရက်နေ့ နောက်ဆုံးထားလက်နက်အပ်ဖို့ ညွှန်ကြားစာတွေ ကပ်ထားတယ်လို့ ပြောပါတယ်။ ဒါနဲ့ ပက်သက်၍ မွန်ပြည်သစ်ပါတီမှ နိုင်ဟံသာက သူတို့အနေနဲ့ လက်နက်အပ်ဖို့ကို လက်မခံပါဘူး။ လက်နက်အပ်ဖို့ အစီစဉ်လည်းမရှိဘူးလို့ ပြောပါတယ်။ မနေ့ကဖြစ်တဲ့ သံဖြူဇရပ်က ဗုံးကွဲမှုဟာလည်း သူတို့နဲ့ မပက်သက်ဘူးလို့ နိုင်ဟံသာက ပြောပါတယ်။

၆။ ကချင်ပြည်နယ်အတွင်း အစိုးရတပ်နဲ့ ကေအိုင်အေ တို့တိုက်ပွဲဖြစ်ပွားနေရာမှာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်နေတာကို ရပ်တန့်က ရပ်ဖို့ WLB က ကြေညာချက်ထုတ်ပြန်လိုက်တယ်လို့ပြောပါတယ်။ WLB အတွင်းရေးမှုး မတင်တင်ညိုပြောတာက ကချင်အမျိုးသမီးအစည်းရုံးက ထုတ်ပြန်ချက်အရ တပတ်အတောအတွင်းအမျိုးသမီး ၁၈ ဦး အဓမ္မ ပြုကျင့်ခံရတယ်။ ဒါတွေကို ရပ်တန့်ဖို့လို တယ်။ ဒီကိစ္စတွေဟာ လက်ရှိ အစိုးရပေါ်မှာ တာဝန်ရှိတယ်လို့ပြောသွားပါတယ်။

၇။ မြန်မာအစိုးရကိုတွေ့ဆုံဆွေးနွေးရေးတိုက်တွန်းနေရာမှာ လက်မခံသေးတဲ့အတွက် နည်းမျိုးစုံ ဖိအားပေးကာ လုပ်ဆောင်ဖို့လိုတယ်လို့ တပ်ပေါင်းစုက ကြေညာချက်ထုတ်ပြန်လိုက်တယ်လို့ပြောပါတယ်။ ပြောခွင့်ရ ဦးမျိုးဝင်းပြောတာက မြန်မာအစိုးရကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ တိုက်တွန်းလာတာကြာပေမယ့် မလုပ်ဆောင်တဲ့အတွက် တွေ့ဆုံဆွေးနွေးရေးဖြစ်အောင် နိုင်ငံရေးနည်း စစ်ရေးနည်းစသည့် အဖက်ဖက်က ဖိအားပေးသွားမယ်လို့ပြောပါတယ်။

၈။ တရုတ်နယ်စပ် မူဆယ် ကျယ်ဂေါင်ဂိတ်ကို မြန်မာအစိုးရ စစ်သားလို့ ယူဆရသူတွေက အရပ်ဝတ်နဲ့ လူတွေ စစ်ကားတွေနဲ့ ရောက်လာပြီး နယ်စပ်ဖြတ်လက်မှတ်လုပ်သွားတာတွေရှိတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေတယ်လို့ပြောပါတယ်။ ဒေသခံပြောတာက အရပ်ဝတ်ဝတ်ထားပြီး စစ်ကားနဲ့ လူပေါင်း ၅ဝ-၆ဝ လောက်ရှိတယ်။ အဲဒီထဲက ၁ဝ ဦးလောက် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ယူသွားပြီး တရုတ်ပြည် ဘက်ကို ဝင်သွားတယ်လို့လည်းပြောပါတယ်။ ဒီကိစ္စကို ကေအိုင်အို ဘက်ကလည်း သတိထားစောင့်ကြည့် နေတယ်လို့ ပြောပါတယ်။

၉။ ပဲခူးတိုင်း တောင်ငူမြို့မိုးလုံလေလုံ အားကစားကွင်းအနီးမှာ ဒီနေ့ နေ့လည် ၁ နာရီလောက်မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ မျက်မြင်သက်သေကပြောပါတယ်။ အဲဒီအားကစားကွင်းအနီး ခပေါင်းခန်းမမှာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အစည်းဝေးတခု ကျင်ပခဲ့ပြီးမှာ ပေါက်ကွဲတယ်လို့ပြောပါတယ်။ ဗုံးပေါက်ကွဲမှုနဲ့ ပက်သက်၍ ထိခိုက်သေဆုံးတာတွေတော့ မကြားရဘူလို့လည်း ပြောပါတယ်။

No comments: