-->

Wednesday, June 29, 2011

လေလှိုင်းပေါ်က ညနေခင်းသတင်းများ( ဘီဘီစီ နှင့် ဗီအိုအေ)

ဗီအိုအေ


၁။ ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီပါတီရပ်တည်ရေးနဲ့ ပက်သက်၍ ပြည်ထဲရေး ဝန်ကြီးဌာန တာဝန် ရှိသူတွေနဲ့တွေ့ဆုံလိုကြောင်း စာရေးသား ပေးပို့လိုက်တယ်လို့ပြောပါတယ်။အန်အယ်လ်ဒီဟာ တရားဝင် ပါတီအဖြစ်မှာ ဖျက်သိမ်းခံထားရပြီးဖြစ်သောကြောင့် လက်ရှိ လုပ်ဆောင်ချက် တွေဟာ ဥပဒေကို ဖောက်ဖျက်ရာရောက်ပြီး အစိုးရကို ဆန့်ကျင်နေရာရောက်ကြောင်း ပြည်ထဲ ရေးဝန်ကြီး ဌာနက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥက္ကဌ ဦးအောင်ရွှေထံ ပေးပို့ခဲ့တယ်လို့ ပြောပါတယ်။

၂။ ဂရိနိုင်ငံမှာ နိုင်ငံတော် အသုံးစာရိတ် ဖြတ်တောက်မှုနဲ့ ပက်သက်၍ ကန့်ကွက်ဆန္ဒပြနေသည့်ကြားက အတည်ပြုလိုက်တယ်လို့ပြောပါတယ်။

၃။ မနေ့က အာဖကန် ကာဘူးက ဇိမ်ခံ ဟိုတယ်တခုကို တာလီဗန်တွေက အသေခံဗုံးခွဲတိုက်ခိုက်မှုလုပ်ခဲ့ တဲ့အတွက် လူ ၁၂ ဦးထက်မနည်းသေဆုံးတယ်လို့ပြောပါတယ်။ သေဆုံးသူဦးရေး တိုးလာနိုင်တယ်လို့ ပြောပါတယ်။

၎။ အီရန်နိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေကို ဆန့်ကျင်ကာ နျူးကလီယား လက်နက်တွေကို လျှို့ဝှက် စမ်းသပ်နေတယ်လို့ ဗြိတိန်က ပြောဆိုလိုက်တယ်။ အီရန်ကတော့ သူတို့စမ်းသပ် တဲ့အထဲမှာ နျူးကလီးယား လက်နက် မပါဘူးလို့ ငြင်းဆိုခဲ့တယ်လို့ ပြောပါတယ်။

၅။ လစ်ဗြားနိုင်ငံ အနောက်မြောက်ပိုင်းက မြေအောက် လက်နက်တိုက်တခုကို သူပုန်တွေက သိမ်းပိုက်နိုင် ခဲ့တယ်လို့ ပြောပါတယ်။

၆။ မလေးရှားမှာ လူထု ဆန္ဒပြပွဲအတွက် ဆော်ကြတဲ့ လူ ၁၄ ဦးကို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ပြောပါတယ်။

သတင်းဆောင်းပါး

ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီ ပါတီရပ်တည်ရေးနဲ့ ပက်သက်၍ ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံလိုကြောင်း စာရေးသား ပေးပို့လိုက်တယ်လို့ပြောပါတယ်။ အန်အယ်လ်ဒီဟာ တရားဝင်ပါတီအဖြစ်မှာ ဖျက်သိမ်းခံထားရပြီးဖြစ်သောကြောင့် လက်ရှိလုပ်ဆောင်ချက်တွေဟာ ဥပဒေကို ဖောက်ဖျက်ရာရောက်ပြီး အစိုးရကို ဆန့်ကျင်နေရာရောက်ကြောင်း ပြည်ထဲ ရေးဝန်ကြီး ဌာနက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥက္ကဌ ဦးအောင်ရွှေထံ ပေးပို့ခဲ့တယ်လို့ပြောပါတယ်။ အန်အယ်လ်ဒီ ပြောခွင့်ရ ဦးအုန်းကြိုင်ပြောတာက ဥပဒေကြောင်းအရ တဖက်နဲ့ တဖက် ညှိနှိုင်းဖို့လိုအပ်တဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာနနဲ့ တွေ့ဆုံလိုတယ်လို့ ရေးသားထားတယ်လို့ပြောပါတယ်။ စီအာပီပီမှ ဦးအေးသာအောင်ပြောတာက အခုလို အန်အယ်လ်ဒီအပေါ် အကြောင်းကြားလာတာဟာ အမျိုးသားရင်ကြားစေ့ရေးအတွက် မကောင်းတဲ့ လက္ခဏာဖြစ်တယ်လို့ပြောပါတယ်။ အခုလို အန်အယ်လ်ဒီကို သတိပေးချက်လုပ်လာတာဟာ နောက်လထဲမှာ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်ကို ဟန့်တားချင်တဲ့ သဘော ဖြစ်တယ်လို့ သုံးသပ်သူတွေလည်းရှိတယ်လို့ ပြောပါတယ်။
တိုင်းပြည်ရဲ့ အနာဂတ်ဟာ လူငယ်တွေရဲ့ အရည်ချင်းအပေါ်အများကြီး မူတည်နေတဲ့အတွက် လူငယ် တွေ အရည်ချင်းပြည့်ဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ အောက်မြန်မာပြည်က NLD လူငယ်တွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုလိုက်တယ်လို့ ပြောပါတယ်။ လူငယ်တွေအနေနဲ့ တာဝန်သိစိတ်ရှိ ဖို့လိုတယ်လို့ ပြောပါတယ်။ လူငယ်တွေကို အနာဂတ်အတွက် ပြုစုပျိုးထောင်ဖို့ လိုတယ်လို့ ပြောပါတယ်။ နိုင်ငံ အနာဂတ် လှပဖို့ဆိုရင် လူငယ်တွေရဲ့ အရည်ချင်းအများကြီး မူတည်နေတယ်လို့ ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ အခုလို NLD အပေါ် ပြောဆိုလိုက်တဲ့အပေါ် စိတ်ပျက်မိတယ်လို့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းကပြောဆိုလိုက်တယ်။ အခုလိုပြောဆိုတဲ့အတွက် လာမယ့် ဒေါ်အောင်ဆန်းစုကြည် ခရီးသွားမယ့် အစီစဉ်အတွက် သတိထားဖို့လိုတယ်လို့ ပြောပါတယ်။ မြန်မာ အရေးကို ဒေသအတွင်း နိုင်ငံတွေ အနေနဲ့ ပိုမို တင်းတင်းကြပ်ကြပ် ကိုင်တွယ်သင့်တယ်။ လာမယ့် မြန်မာနိုင်ငံကို အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ကို ပေးသင့်မပေးသင့်ဆိုတာ သေသေချာချာ စဉ်းစားဖို့လိုတယ်လို့ ဂျွန်မက်ကိန်းကပြောဆိုကြောင်း ပြောပါတယ်။

အရှေ့တောင်တိုင်း တိုင်းမှုးအမိန့်နဲ့ မွန်ပြည်နယ်ဘက်က လက်နက်ကိုင်အဖွဲ့တွေကို လက်နက် အပ်နှံဖို့ လိုက်လံ ပြောဆိုနေတယ်လို့ ပြောပါတယ်။ ဇွန် (၃ဝ) ရက်နေ့ နောက်ဆုံးထားပြီး လက်နက်တွေကို သက်ဆိုင်ရာ ရဲစခန်းမှာ အပ်နှံဖို့ သံချဲ့စက်နဲ့ လိုက်အော်နေတယ်လို့ ပြောပါတယ်။ မွန်ပြည်သစ်ပါတီ ပြောခွင့်ရ နိုင်ဟံသာက လက်နက် အပ်ဖို့တော့ လိုက်ဆော်သြနေတယ်၊ ဘယ်အဖွဲ့ကို ရည်ညွှန်းတယ် ဆိုတာမသိဘူးလို့ ပြောပါတယ်။ လုံခြုံရေးကတော့ တင်းတင်းကြပ်ကြပ်ပိုင်းရှိတယ်လို့ ပြောပါတယ်။ အခု လို လက်နက်အပ်ဖို့ ပြောလာတာ ထူးခြားမှုရှိတယ်လို့ KNU ပြောခွင့်ရ ဗိုလ်မှူး စောလှငွေကပြောပါ တယ်။ ရွေးကောက်ပွဲအပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို လက်နက်ဖြုတ်သိမ်းချင်တဲ့သဘော ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာ့အရေးသုံးသပ်ချက်

မြန်မာနိုင်ငံမှာ လူကုန်ကူမှု ဆိုးဆိုးဝါးဝါးဖြစ်နေတယ်ဆိုတဲ့ အမေရိကန် အစိုးရရဲ့ အစီရင်ခံစာနဲ့ ပက်သက်၍BLC မှ ရှေ့နေ ဦးအောင်ထူး၊ ဦးသိန်းဦး နဲ့ လမ်းပြကြယ်မှ ဦးအေးမြင့်တို့ကို ဆက်သွယ်မေးမြန်းထားတယ်။

BBC

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ဆက်မလုပ်ဖို့ မြန်မာအစိုးရက သတင်းစာ ကနေ ကြေညာချက်ထုတ်ပြန်ကာ သတိပေးလိုက်တယ်လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင်တဲ့ NLDဟာ အလံကိုလည်းလွှင့်ထူထားတယ်။ ရုံးခန်းတွေလည်း ဆက်ဖွင့်ကာ ကြေညာ ချက်တွေလည်းထုတ်နေတာ တရားဥပဒေနဲ့ မကိုက်ညီကြောင်း ရေးသားထားတယ်လို့ ပြောပါတယ်။ NLD ပြောခွင့်ရ ဦးဥာဏ်ဝင်းက သူတို့ကလည်း တရားဥပဒေစိုးမိုးရေးကို ပြောလာတယ်။ NLD ကလည်း တရားဥပဒေ စိုးမိုးရေးကို လေးထားကြောင်းနဲ့ ပါတီအနေနဲ့ ရဟန်း ရှင်လူ စိတ်ဝမ်းကွဲအောင် ဘာမှ မလုပ်ဆောင်ကြောင်းပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စည်းရုံးရေးခရီးစဉ် မ စတင်ခင် ရက်ပိုင်းအလိုမှာ အခုလို အစိုးရက ပြောဆိုလိုက်တယ်လို့ ပြောပါတယ်။

အာဖဂန် ကာဘူးမှာ ဇိမ်ခံ ဟိုတယ်ကို အမည်မသိ လက်နက်ကိုင်တွေ ဝင်ရောက်တိုက်ခိုက်ရာ တစ်ညလုံး ပစ်ခတ်သံတွေကြားနေရတယ်လို့ ပြောပါတယ်။ နေတိုးတပ်ကလည်း ရဟတ်ယာဉ်နဲ့ လေကြောင်းက တိုက်ခိုက်မှုတွေလုပ်ရာ ၃ ဦးကိုတော့ အသေ ဖမ်းဆီးနိုင်ခဲ့ပြီလို့ ပြောပါတယ်။ အခုထိ တာလီဗန် ၉ ဦးကို ဖမ်းဆီးရမိပြီလို့ ပြောပါတယ်။ အခု တိုက်ခိုက်မှုဟာ တာလီဗန်တွေ အကွက်ချ လုပ်ဆောင်တာဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။

ဂရိနိုင်ငံမှာ နိုင်ငံတော် အသုံးစာရိတ် ဖြတ်တောက်မှုနဲ့ ပက်သက်၍ ကန့်ကွက်ဆန္ဒပြနေသည့်ကြားက အတည်ပြုလိုက်တယ်လို့ ပြောပါတယ်။

ဆူဒန် သမ္မတ အိုမာဘာရှား တရုတ်နိုင်ငံကိုရောက်နေပြီး တရုတ်သမ္မတ ဟူကျန်တောင်းနဲ့ လည်း တွေ့ဆုံခဲ့တယ်လို့ ပြောပါတယ်။

မနေ့ညက သံဖြူဇရပ်က မြို့နယ် အုပ်ချုပ်ရေးမှုးရုံးအနီးမှာ ဗုံးတလုံးပေါက်ကွဲခဲ့သလို ဒီနေ့လည်မှာ လည်း တောင်ငူက အားကစားရုံမှာ ဗုံးတလုံးပေါက်ကွဲခဲ့တယ်လို့ ပြောပါတယ်။ လူသေပျောက်မှု မရှိပေမယ့် ဒေသခံတွေ စိုးရိမ်မှုတွေရှိနေတယ်လို့ ပြောပါတယ်။

သတင်းလွှာ

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ဆက်မလုပ်ဖို့ မြန်မာအစိုးရက သတင်းစာ ကနေ ကြေညာချက်ထုတ်ပြန်ကာ သတိပေးလိုက်တယ်လို့ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင်တဲ့ NLD ဟာ အလံကိုလည်းလွှင့်ထူထားတယ်။ ရုံးခန်းတွေလည်း ဆက်ဖွင့်ကာ ကြေညာ ချက်တွေလည်းထုတ်နေတာ တရားဥပဒေနဲ့ မကိုက်ညီကြောင်း ရေးသားထားတယ်လို့ ပြောပါတယ်။ NLD ပြောခွင့်ရ ဦးဥာဏ်ဝင်းက သူတို့ကလည်း တရားဥပဒေစိုးမိုးရေးကို ပြောလာတယ်။ NLD ကလည်း တရားဥပဒေ စိုးမိုးရေးကို လေးထားကြောင်းနဲ့ ပါတီအနေနဲ့ ရဟန်း ရှင်လူ စိတ်ဝမ်းကွဲအောင် ဘာမှ မလုပ်ဆောင်ကြောင်းပြောပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ဆိုတာကလည်း သူဆီမှာ မှတ်ပုံမတင်ထားတဲ့ ပါတီကို ပျက်ပြယ်တယ်လို့ ပြောခွင့်မရှိဘူးလို့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စည်းရုံးရေးခရီးစဉ် မစတင်ခင် ရက်ပိုင်းအလို မှာ အခုလို အစိုးရက ပြောဆိုလိုက် တယ်လို့ ပြောပါတယ်။

ဂျပန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ တွေ့ဆုံတယ်လို့ပြောပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဂျပန်က ဆူနာမီတုန်းက ဒေါ်အောင်ဆန်းစုကြည်က လူသားချင်းစာနာမှုနဲ့ ပြောဆိုတဲ့အပေါ် ကျေးဇူးတင်ကြောင်းနဲ့ လူသားချင်းစာနာမှုတွေကို အကူညီပေးသွားမယ်ဆိုတာကို ပြောဆိုတယ်လို့ NLD မှ ဦးဟံသာမြင့်ကပြောပါတယ်။

မနေ့ညက သံဖြူဇရပ်က မြို့နယ် အုပ်ချုပ်ရေးမှုးရုံးအနီးမှာ ဗုံးတလုံးပေါက်ကွဲခဲ့သလို ဒီနေ့နေ့လည်မှာလည်း တောင်ငူက အားကစားရုံမှာ ဗုံးတလုံးပေါက်ကွဲခဲ့တယ်လို့ပြောပါတယ်။ လူအသေပျောက် မရှိပေမယ့် ဒေသခံတွေ စိုးရိမ်မှုတွေရှိနေတယ်လို့ပြောပါတယ်။ ဒီနေ့ညနေမှာ နေပြည်တော်က စာသင်ကျောင်း ၃ ကျောင်းမှာ ဗုံးလန့်ပြီးမိဘတွေက သားသမီးတွေကို ကျောင်းကနေ လာခေါ်သွား တာတွေရှိတဲ့အကြောင်း သိရတယ်လို့ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မိုးကြီးပြီး ရေကြီးတဲ့အတွက် တောရိုင်းဆင်တွေတောင် ပင်လယ်ထဲကို မျောလာတယ်လို့ပြောပါတယ်။ စစ်တွေ ပင်လယ်ထဲမှာ ဆင်ရိုင်းတကောင်ကို ငါးဖမ်းစက်လှေနဲ့ ဆယ်ယူခဲ့တယ် လို့ပြောပါတယ်။ ဆင်က နည်းနည်းရိုင်းသေးတော့ သစ်တောဦးစီးဌာနက လူတွေ အနီးနားမကပ်ရဲဘူး လို့ပြောပါတယ်။

No comments: